Header Ads

နမ့်ဆန်မှာ တရက်အတွင်း လူ ၂ ဦး မိုင်းနင်းမိ ၊ အမျိုးသမီး တဦးသေဆုံး

နမ့်ဆန်မှာ တရက်အတွင်း လူ ၂ ဦး မိုင်းနင်းမိ ၊ အမျိုးသမီး တဦးသေဆုံး


ရှမ်းပြည်နယ်မြောက်ပိုင်းက ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ တရက်အတွင်း ဒေသခံတွေ မိုင်းနင်းမိမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး အမျိုးသမီး တဦးသေဆုံးခဲ့ပါတယ်။
အောက်တိုဘာလ ၂၀ ရက်နေ့ မနက်ပိုင်းက မန်လွယ်ကျေးရွာနေ အသက်အရွယ် အီနောင်းဆိုတဲ့ အမျိုးသမီးဟာ လဘက်ခင်းကနေ ရွာအပြန်လမ်းမှာ မိုင်းနင်းမိခဲ့ပြီး လားရှိုးဆေးရုံးကို ပို့ဆောင်စဉ် လမ်းမှာ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ တအာင်းပလောင် ဥပဒေအထောက်အကူပြုအဖွဲ့မှ မိုင်းမျိုးအောင်က ဘီဘီစီကို ပြောပါတယ်။
နမ့်ဆန်မြို့နယ် လုံတောက်ကျေးရွာနေ မိုင်းလှစိုင်းဟာ ဒီကနေ့ ညနေပိုင်းမှာ မိုင်းနင်းမိခဲ့ပြီး လားရှိုးဆေးရုံကို ပို့ဆောင်နေတယ်လို့ တအာင်းပလောင် လူမှုအဖွဲ့အစည်းတွေက အောက်တိုဘက်လ ၂၀ ရက်နေ့ ညနေ ၆ နာရီအချိန်မှာ ဘီဘီစီကို  ပြောပါတယ်။
တအာင်းပလောင် အမျိုးသား တပ်ဖွဲ့ TNLA/PSLF နဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့တဲ့ နောက်ပိုင်းနှစ်တွေအတွင်း ဒေသခံပြည်သူတွေအနေနဲ့ မိုင်းနင်းမိပြီး သေကြေဒဏ်ရာရမှုတွေ မကြာခဏဖြစ်ပေါ်နေတယ်လို့ ဒေသတွင်း အခြေစိုက် မားနဂါးဂျာနယ်က အယ်ဒီတာ မိုင်းကောင်းဆိုင်က ပြောပါတယ်။
အခုလို အရပ်သားတွေ သေကြေပျက်စီးမှုတွေ မကြာခဏ ရှိနေပေမဲ့ တခါမှ ကျူးလွန်သူကို မမိခဲ့သလို ရံဖန်ရံခါ တပ်မတော်ဘက်က အဲဒီမိုင်းတွေဟာ TNLA/PSLF က ထောင်တယ်လို့  စွပ်စွဲတတ်ပြီး စွပ်စွဲတဲ့ အခါတိုင်းလည်း တအာင်းတပ်ဖွဲ့ဘက်က အမြဲငြင်းဆန်လေ့ရှိတယ်လို့ မိုင်းကောင်းဆိုင်က ပြောပါတယ်။
ယမန်နေ့ကလည်း နမ့်ဆန်မြို့နယ်အတွင်း နွားတကောင်ဟာ မိုင်းနင်းမိမှုကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။
#ဘီဘီစီမြန်မာပိုင်း

ဓာတ်ပုံ- မိုင်းစကိုင်း

No comments

Note: Only a member of this blog may post a comment.