Header Ads

"တောင်ကြီး ရွှေဆိုင်တစ်ဆိုင်ကို သေနတ်တုဖြင့် ဓါးပြတိုက်ရာ ချက်ချင်း အဖမ်းခံလိုက်ရ"

"တောင်ကြီး ရွှေဆိုင်တစ်ဆိုင်ကို သေနတ်တုဖြင့် ဓါးပြတိုက်ရာ ချက်ချင်း အဖမ်းခံလိုက်ရ"

OCTOBER 26, 2017

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ရှိ City Square Junction Center မြောက်ဘက်ရှိလုံဝမ် ရတနာရွှေဆိုင်တွင် အောက်တိုဘာ ၂၆ ရက် (ယနေ့) မွန်းလွဲ ၁ နာရီခန့်အချိန်တွင် သေနတ်တုဖြင့် ဓါးပြတိုက်မှုဖြစ်ပွားခဲ့ရာ ကျူးလွန်သူသည် ချက်ချင်းအဖမ်းခံလိုက်ရပြီး၊ ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။



 တောင်ကြီးမြို့ရှိ City Square Junction Center မြောက်ဘက်ရှိ လုံဝမ် ရတနာရွှေဆိုင် တွင် အောက်တိုဘာ ၂၆ ရက် နေ့လည်ပိုင်း ၁ နာရီခန့်အချိန်တွင် လူတစ်ဦးသည် ရွှေထည်ပစ္စည်းများကို ပြန်လည် ယူရောင်းရန် သိန်း ၂၀၀ တန်ဖိုးရှိသော ပစ္စည်းများကို အဆင်သင့် ထုပ်ပိုးထားချိန် သေနတ်ထုတ်ပြီး ဓါးပြတိုက်မှုဖြစ်ပွားခဲ့သဖြင့် ဆိုင်ပိုင်ရှင်ဖြစ်သူက ၀င်ရောက် နားပန်းလုံးပြီး ဖမ်းဆီးခဲ့ရာ၊ Ocean စင်တာအောက်ဘက် ရှိ ကားပါကင် အတွင်းသို့ ၀င်ပြေးသွားခဲ့သဖြင့် Ocean စင်တာမှ မန်နေဂျာနှင့် လုံခြုံရေး တပ်ဖွဲ့များမှ ပူးပေါင်း၍ ကျူးလွန်သူကို ဖမ်းဆီးခဲ့ပြီး တောင်ကြီးမြို့မ ရဲစခန်းမှ စခန်းမှူး နှင့် နယ်ထိန်းတို့မှ လာရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဉ်ကို လုံဝမ်ရွှေဆိုင်ပိုင်ရှင် ဖြစ်သူက အောက်ပါအတိုင်း ပြောသည်။
“ တဆင့်ပြန်ရောင်းဖို့ သိန်း ၂၀၀ ဖိုးလောက် လိုတာပေါ့။ CB ဘဏ်မှာ ငွေသွားထုတ်မယ်ဆိုပြီး သွားပြီး ပြန်လာတယ်။ ထုတ်လို့ မရသေးဘူးတဲ့ ၊ ကျွန်တော် ဓါတ်ပုံ ရိုက်ကြည့်ချင်တယ်ဆိုလို့ ဗီရိုပေါ်မှာ အပြည့်ခင်းပြရတာပေါ့။ ခင်းပြတော့ ဓါတ်ပုံရိုက်တယ်။ ဟိုလိုလို ဒီလိုလိုနဲ့ပေါ့။ တစ်ယောက်ထဲ ရှုပ်ရှတ်ခတ်နေတယ်။ ပြီးတော့ ဖုန်းဆက်တယ်။ ကောင်မလေးတစ်ယောက် နဲ့ ပြောရင်းနဲ့ ဟာ ရပြီဆိုပြီးတော့ ကျွန်တော်ဖုန်း တွေ့တဲ့အချိန်မှာ CCTV မှာ သေနတ်ထုတ်တာ လာပေါ်တယ် ။ ကျွန်တော် သတိမထားမိဘူး။ ကျွန်တော် ဖုန်း ပိတ်တော့ သေနတ် ပြန်ထည့်လိုက်တယ်။ ဒီ စီစီတီဗီမှာ လာပေါ်တယ်။ ပြီးတော့ သူကျွန်တော့် ဖုန်းကို ပြန်ကိုင်ပြီး ပြောတယ်။ အကုန်လှမ်းကြုံးလိုက်တယ်။ သေနတ်ထုတ်တယ်။ ကျွန်တော်က ဆိုင်အပြင်ကနေ ကျွန်တော့် အမျိုးသမီး ကို လှမ်းချိန်လိုက်တော့ သေနတ်ပုံစံက အတုကြီးပေါ့။ သူက အထွက် ကျွန်တော်က အ၀င် သူက သေနတ် နဲ့ လှမ်းပစ်လိုက်တယ်။ ကျွန်တော်ငုံ့ပြီးတော့ ခါးကို ၀င်ဖက်လိုက်တယ်။ ကျွန်တော် ပစ်ထုတ်လိုက်တယ်။ ကျွန်တော်တောင် ဒူးပဲ့သွားတယ်။ ကျွန်တော် မှောက်သွားပြီး သေနတ်စင်သွားတယ်။ ဆိုင်ကယ်က အော်တို ဆိုင်ကယ်အသစ်၊ ဆိုင်ကယ်ပေါ် တက်ရင် ကျွန်တော် မှီတယ်။ သူမတက်ရဲဘူး။ လှမ်း ပြေးတာ အိုးရှင်းထဲ ကားပါကင်ကို ပြေးတော့ အကူအညီတောင်းတော့ တန်းလိုက်တယ်။ ဘာမှတော့ မပါသွားဘူး။ ခုတော့ ရဲဖမ်းသွားပါပြီ။ ”ဟု လုံဝမ် ရတနာရွှေဆိုင်ပိုင်ရှင် ဖြစ်သူက ပြောကြားသည်။

“အဓိကတော့ လုံခြုံရေးတွေ ဖမ်းတာပေါ့နော။် သူ့ဆိုင်ကယ် ရှိတယ်။ ပြေးမတက်ဘဲနဲ့ စင်တာထဲကို ၀င်သွားတယ်။ အရေးပေါ် လှေကားပေါ်ကနေ တက်တယ်။ အ၀င်ပဲ ရတယ်။ အထွက်က တစ်ပေါက်ပဲ ရတာပေါ့။ အဲဒီမှာ ပြန်မထွက်တတ်တော့ဘဲ ပုန်းနေရင်း အခန်းထဲမှာ အောင်းနေတာ။ ဘယ်နားသွားတွေ့လဲ ဆိုတော့ B1 နေရာမှာ အကျီ င်္ပန်းရောင်နဲ့ပေါ့။ အကျီ င်္ပန်းရောင်ကို ဆက်လိုက်တော့ရဲတွေကိုလည်း ခေါ်လိုက်တော့ ချက်ချင်း ရောက်လာတော့ ပူးပေါင်းပြီး ဖမ်းလိုက်ပါတယ်။ ”
ဟု Ocean စင်တာ မှ တာဝန်ရှိသူ ကိုမိုးဇက်က ပြောကြားသည်။
ယခင်က ထိုသို့ ဖြစ်စဉ် တစ်ကြိမ်မှ မကြုံဖူးဘဲ၊ ယခုလို အောက်တိုဘာ ၂၆ ရက်တွင် သေနတ်ပြပြီး ဓါးပြ တိုက်မှု ဖြစ်ပွားခြင်းမှာ ပထမဆုံးဖြစ်စဉ် ဖြစ်ကြောင်း၊ အဆိုပါ လုံဝမ်ရွှေဆိုင်မှ ရတနာ ပစ္စည်းများ တစ်စုံတစ်ခု မှ ပါသွားခြင်း မရှိကြောင်း ဖမ်းဆီးရမိသော ကျူးလွန်သူကို တောင်ကြီးမြို့မ ရဲစခန်းတွင် ဖမ်းဆီး ထားပြီး၊ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

Credit to Eleven Media

No comments

Note: Only a member of this blog may post a comment.