၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံသည် သွက်ချာပါဒရောဂါသည်နှင့် တူနေသည်ဟု ဦးခွန်ထွန်ဦး ဝေဖန် လိုက်ပါပြီ

----- -----------------------
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ပင်လုံသည် သွက်ချာပါဒ ရောဂါသည်နှင့် တူနေသည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ဝေဖန်ပြောကြားလိုက်သည်။
အောတိုဘာလ ၂၆ ရက်တွင် ရန်ကုန်မြို့ရှိ အောင်မြေဘုံသာ ရှမ်းကျောင်း တွင် ပြုလုပ်သော SNLD ပါတီ တည်ထောင်ခြင်း ၂၉ နှစ်ပြည့် အထိမ်း အမှတ် အခမ်းအနားအပြီးတွင် ဦးခွန်ထွန်းဦးက သတင်းထောက်များ၏ သိလိုသည်များ ဖြေကြားစဉ်တွင် The Ladies News က အစိုးရ ဖော် ဆောင်နေသော ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေး ညီလာခံနှင့် ပတ်သက်ပြီး ဦးခွန်ထွန်းဦး၏ အမြင်ကို မေးမြန်းရာတွင် ၄င်းက ယခုကဲ့သို့ ဝေဖန် ပြောကြားခဲ့ခြင်း ဖြစ်သည်။
လက်နက်ကိုင် အဖွဲ့အစည်း အားလုံးကို ဖိတ်ကြားပြီး စားပွဲတွင် ဆွေးနွေး အဖြေရှာသည့် နည်းသည် အကောင်းဆုံး နည်းလမ်း ဖြစ်သောကြောင့် အားလုံးပါဝင်ရန်လိုအပ်ပြီး အားလုံးပါဝင်ခြင်းမရှိဘဲ ရှေ့ဆက် သွား၍ မရဟု ဦးခွန်ထွန်းဦးက သုံးသပ်ပြောကြားသည်။
`ကျွန်တော်တို့ ၂၁ ပင်လုံကိုတော့ ရှင်းရှင်းပြောရင်တော့ သွက်ချာပါဒ ရောဂါသည် တစ်ပိုင်းသေနေတဲ့ လူလိုဖြစ်နေပြီဗျ။ ဆိုလိုရင်းက ညီလာခံ ထဲမှာ ရှစ်ဖွဲ့ရှိတယ်။ အပြင်မှာက မြောက်ပိုင်းက ခုနစ်ဖွဲ့ UNFC က တစ်ဖွဲ့၊ နောက် နာဂကို မဖိတ်ဘူး။ အဲတော့ ကျွန်တော်တို့ ဆိုလိုတာ ကတော့ ညီလာခံက ပြီးပြည့်စုံမှာမဟုတ်ဘူး။ ခပ်ရှင်းရှင်းပြောလို့ရှိရင် အားလုံးမပါဘဲနဲ့ ဆက်သွားလို့ကိုမရဘူး။ ဒီအတိုင်းသွားရင် တိုင်းပြည် လည်း နာမယ်၊ အားလုံးလည်း ရှင်းရှင်းပြောရင် ဒီထက်ပိုပြီး ဒုက္ခရောက် ဖို့ရာ ရှိတယ်။ ...
သတင်းအပြည့်အစုံ ဖတ်ရှုရန် -
မူရင်းလင့်ကိုဖတ်ရန်နှိပ်ပါ

Post a Comment