မိုက်ကယ်ကျော်မြင့်ကို အကြည်ညို ပျက်စေမှုဖြင့်ထပ်မံ ဖမ်းဆီး

_________________________________________
Tuesday, October 24, 2017
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပေါ် ဆန္ဒထုတ်ဖော်ရန်ရှိသည့် မိုက်ကျော်မြင့်ကို အောက်တိုဘာလ ၂၃ ရက် ညနေပိုင်းက အကြည်ညိုပျက်စေမှုဖြင့်ဖမ်းဆီးခံရကြောင်း မိသားစု အသိုင်းအဝိုင်းထံမှ သိရသည်။
“အမှုဖွင့်တိုင်ကြားတဲ့သူက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးက ဦးမိုးဟိန်းကနေ တိုင်တာလို့သိရတယ်။ ပုဒ်မကတော့ ၅၀၅(ခ)နဲ့ပါ။ အခုတာမွေရဲစခန်းမှာပါ”ဟု မိုက်ကယ်ကျော်မြင့်၏ ဇနီးဒေါ်အေးအေးသင်းက ပြောကြားသည်။
မိုက်ကယ်ကျော်မြင့်မှာ ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအပေါ် လူအင်အား ၅၀၀ ဖြင့် ဆန္ဒထုတ်ဖော်ရန် အောက်တိုဘာ လ ၂၁ ရက်တွင်
ကျောက်တံတားမြို့နယ်ရဲစခန်းတွင် ခွင့်ပြုချက်
တင်ပြတောင်းခံခဲ့ပြီး နှစ်ရက်အကြာတွင်
ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ရာထူးနှင့်အာဏာကို အလွဲသုံးစားပြု၍ ပြည်သူအပေါ် အနိုင်ကျင့်ပြီး အကျင့်ပျက်လုပ်ရပ်များ
လုပ်ကိုင်ဆောင်ရွက်နေသော ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အား အရေးယူပေးရေး
အကြောင်းအရာခေါင်းစဉ်ဖြင့် ကျောက်တံတားမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ မြို့တော်ခန် မရှေ့
ကားပါကင်ဘက်ခြမ်းတွင် အောက်တိုဘာလ ၂၄ ရက် မွန်းလွဲ ၁ တစ်နာရီမှ ညနေ ၅ နာရီအထိ လူအင်အား ၅၀၀ ဖြင့် ဆန္ဒထုတ်ဖော်ရန် အောက်တိုဘာလ ၂၁
ရက်နေ့က ခွင့်ပြုချက်တင်ပြတောင်းခံခဲ့ရာ
တာမွေမြို့နယ်ရှိ ဟစ်တိုင်ကွင်းတွင်သာ
ခွင့်ပြုပေးခဲ့ကြောင်း မိုက်ကယ်ကျော်မြင့်ထံမှ
သိရသည်။
ယင်းဆန္ဒထုတ်ဖော်ရန် ခွင့်ပြုချက်တောင်းခံပြီး ရက်ပိုင်းအတွင်း ဖမ်းဆီးခံရသူ မိုက်ကယ်ကျော်မြင့်မှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအပေါ်
စွပ်စွဲပြောဆိုမှုများကြောင့် ဒဂုံမြို့နယ်တရားရုံးတွင်
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)၊ မမှန်မကန် စွပ်စွဲတိုင်ကြားမှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၁၁
ဖြင့်လည်းကောင်း၊ တာမွေမြို့နယ်တရားရုံးတွင်
ငြိမ်းချမ်း စွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ တို့ဖြင့် တရားစွဲဆိုထားမှုကို အာမခံဖြင့် ရင်ဆိုင်ဖြေရှင်းနေရသူဖြစ်သည်။
မိုက်ကယ်ကျော်မြင့်ကို ထပ်မံဖမ်းဆီးမှုနှင့်ပတ်သက်၍ တာမွေရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ၂၀၁၇ ဇွန်လ ၂ ရက်နေ့ က တာမွေ ဟစ်တိုင်ကွင်းအနီးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို အများပြည်သူ အကြည်အညိုပျက်စေရန်
မမှန်မကန် ပြောကြားသည်ဟုဆိုကာ တာမွေတရားရုံးတွင် ယနေ့ (အောက်တိုဘာလ ၂၃ ရက်)ညနေ ၃ နာရီက ဦးတိုက်လျှောက်ထားခဲ့ရာ တာမွေမြို့နယ်
တရားသူကြီးက အမှု လက်ခံခဲ့ပြီး ဖမ်းဝရမ်း ထုတ်ပေးခဲ့သဖြင့် နာရီပိုင်းအတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
The Voice

Post a Comment