ဘာသာပေါင်းစုံဆုတောင်းပွဲ၏ အပြုအမူနှင့် အစီအစဉ်များသည် နိုင်ငံအသည်းနှလုံးကို ထိခိုက်၍ နိုင်ငံသူ နိုင်ငံသားများကို ထိခိုက်စူးရှမှုများဖြစ်ပေါ်နေဟု ဆို

------ မင်းသီဟန် ------
အောက်တိုဘာ ၃၀
ဘာသာပေါင်းစုံဆုတောင်းပွဲအစီအစဉ်နှင့် ပြုမူမှုများသည် နိုင်ငံအသည်းနှလုံးကိုထိခိုက်၍ နိုင်ငံသူနိုင်ငံသားများကို ထိခိုက်စူးရှမှုများ ဖြစ်ပေါ်နေကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြောသည်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးချုပ်တွင် အောက်တိုဘာ ၃၀ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ဆုတောင်းပွဲတွေလုပ်တယ်။ ငြိမ်းချမ်းရေးအတွက်ဆိုတာ ကျွန်တော်တို့အနေနဲ့ လက်ခံပါတယ်။ ဒါပေမဲ့ ဒီဆုတောင်းပွဲမှာပါတဲ့ အပြုအမူနဲ့ အစီအစဉ်တွေကိုပါ။ ဒါတွေက မီဒီယာများအားလုံးလည်း သိမှာပါ။ ဒီအပြုအမူ အစီအစဉ်တွေက နိုင်ငံအသည်းနှလုံးကို ထိခိုက်ပြီး နိုင်ငံသူ နိုင်ငံသားတွေကို ထိခိုက်စူးရှမှုတွေ ဖြစ်နေပါတယ်။ စဥ့်ကိုင်ဖြစ်စဉ်တစ်ခုတည်းကိုပြောတာမဟုတ်ပါဘူး။ နေရာအနှံ့က ဆုတောင်းနေတာမှာတွေ့မြင်နိုင်ပါတယ်။” ဟု ဦးသောင်းအေးက ပြောသည်။
Source; Akonthi News

Post a Comment