မနောရတနာခရီးသည်တင်ယာဉ်အရှိန်လွန်ကာ ကားလမ်းတံတားအုတ်ခုံအားဝင်တိုက် တစ်ဦးသေ ခြောက်ဦးဒဏ်ရာရ
မနောရတနာခရီးသည်တင်ယာဉ်အရှိန်လွန်ကာ
ကားလမ်းတံတားအုတ်ခုံအားဝင်တိုက် တစ်ဦးသေခြောက်ဦးဒဏ်ရာရ
================================================
EPN
မိုးကောင်း အောက်တိုဘာ၂၁
====================
ကချင်ပြည်နယ် မိုးကောင်းမြို့ နယ်ဆားမှော်ကျေးရွာအုပ်စုကညင် မြိုင်ကျေးရွာတွင် ယနေ့နံနက် ၇ နာရီကမနောရတနာခရီးသည်တင် ယာဉ်တစ်စီးအရှိန်လွန်ကာကျေးရွာ အဝင်ကားလမ်း တံတားအုတ်ခုံဝင် တိုက်မိပြီး ခရီးသည်တစ်ဦးသေဆုံး ၍ ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မန္တလေးဘက်မှ ဖားကန့်ဘက်သို့ မနောရတနာ ယာဉ်လိုင်းမှယာဉ်မောင်း ဝင်းမင်း ဦး(၂၄နှစ်)မောင်းနှင်လာသော STARGRX ခဲရောင်အန်စာတုံး ယာဉ် GN------- သည် ကညင် မြိုင်ကျေးရွာ အဝင်မိုင်တိုင်အမှတ် (၃၇၅)နှင့်(၃၇၆)ကြားရှိနန့်ပဒေါင်း တံတားဘေးကာကိုတိုက်မိသဖြင့် ယာဉ်ပေါ်လိုက်ပါလာသူကျားကိုးဦး အနက်အမျိုးသားတစ်ဦးမှာသေဆုံး သွားခဲ့ပြီး အမျိုးသမီးတစ်ဦး၊ အမျိုး သားငါးဦး ထိခိုက်ဒဏ်ရာရရှိ ကြောင်းသိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဒဏ်ရာရရှိသူများကို မိုးကောင်း ပြည်သူ့ဆေးရုံသို့ တင်ပို့ပြီး ယာဉ် မောင်းကို အမှုဖွင့်အရေးယူရန်စီစဉ် ဆောင်ရွက်လျက်ရှိသည်။
Source; union

Post a Comment