Header Ads

ညောင်တုန်း၌ကားaccdentဖြစ်ပွား

ညောင်​တုန်းမြို့နယ်​ အ​မြောင်း​ကျေးရွာ၌ ပုသိမ်​မှ " မြင့်​ " မှန်​လုံယာဉ်​ နှင့်​ Super Force ဆိုင်​ကယ်​တို့ တိုက်​မိသဖြင့်​ မအူပင်​မြို့နယ်​ မလတ်​တို​ကျေးရွာသား လူငယ်​တစ်​ဦး အသက်​ဆုံးရှုံး
====================
၂၃-၁၀-၂၀၁၇



     မအူပင်​ခရိုင်​ ၊ ​ညောင်​တုန်းမြို့နယ်​ ၊ မဲဇလီစစ်​​ဆေး​ရေးဂိတ်​အလွန်​ ၊ အရွှဲ​ကျေးရွာ​အုပ်​စု ၊ အ​မြောင်း​ကျေးရွာ ၊ ပုသိမ်​-ရန်​ကုန်​ကားလမ်း​ပေါ်၌ ယ​နေ့ ၂၃-၁၀-၂၀၁၇ နံနက်​ ၁၁.၃၀အချိန်​ခန့်​ ပုသိမ်​-ရန်​ကုန်​ ​ပြေးဆွဲသည့်​ "မြင့်​"ခရီးသည်​တင်​မှန်​လုံယာဉ်​ နှင့်​ Super Force ဆိုင်​ကယ်​တို့ တိုက်​မိမှု ဖြစ်​ပွား​ပြီး ဆိုင်​​ကယ်​​ပေါ် တစ်​ဦးတည်း လိုက်​ပါ ​မောင်းနှင်​လာသည်​ဟု သိရ​သော မအူပင်​မြို့နယ်​ ၊ မလတ်​တို​ကျေးရွာအုပ်​စု ၊ မလတ်​တိုကျေးရွာ​ အထက်​တန်း​ကျောင်းအနီးနေ ငါး​ကန်​လုပ်​ငန်းရှင်​ အဖ ဦးတင်​ငြိမ်း၏ သားအကြီး နှင့်​ သမီးအငယ်​တို့ နှစ်​ဦးအနက်​  လွန်​ခဲ့သည့်​နှစ်​က ၁၀ တန်း ​အောင်​မြင်​ခဲ့​သော သားဖြစ်​သူ ​မောင်​ လွင်​ကိုကို​အောင်​ အသက်​ (၁၈)နှစ်​ခန့်​သည်​ အခင်းဖြစ်​​ရာ​နေရာတွင်​ ဦး​ခေါင်းထိခိုက်​ မျက်​နှာချိုင့်​ဝင်​ ဒဏ်​ရာတို့ဖြင့်​ ​သေဆုံးသွား​ရကြောင်း စိတ်​မ​ကောင်းစရာ ကနဦးသတင်းအရ သိရှိရပါသည်​ ။

Kaung Myat

No comments

Note: Only a member of this blog may post a comment.