Header Ads

ဒီမိုကရေစီရေးတွေ၊လူအခွင့်ရေးတွေထက်အမျိုးသားရေးကို ရှေ့တန်းတင်ဘို့လိုတယ်"ဟု ဦးလှဆွေ(ဘူးလက်)မှပြောကြား၊

📷  မြတ်ဟိန်းကျော်(ကော့မူး) 📷
   FREELANCE   JOURNALIST

🔜🔜နေ့စဉ်သတင်းထူးများစုစည်းတင်ပြမူ့🔜🔜

အောက်တိုဘာ၂၉

ဒီမိုကရေစီရေးတွေ၊လူအခွင့်ရေးတွေထက်အမျိုးသားရေးကို
ရှေ့တန်းတင်ဘို့လိုတယ်"ဟု
ဦးလှဆွေ(ဘူးလက်)မှပြောကြား၊
_________________________________________

အောက်တိုဘာ ၂၉


မြန်မာ့တပ်မတော်နှင့်
နိုင်ငံဝန်ထမ်းကောင်းများထောက်ခံပွဲကို
အောက်တိုဘာ၂၉ရက်နေ့၊
နံနက်၁၂နာရီအချိန်မှစ၍
ဗဟန်း(၃)လမ်းမှစ၍
ကမ္ဘာအေးဘုရားလမ်းအတိုင်း၊
စစ်ကြောင်းဖြင့်
မြို့တော်ခမ်းမရှေ့သို့
"တပ်မတော်အင်အားရှိမှ
တိုင်းပြည်အင်အားရှိမည်၊"
"Tatmadaw,Like parents,
we Fix our relance on thee"
စသည့်စာသားပါဗွီနိုင်းများ
ကိုင်ဆောင်လျက်၊ကြွေးကျော်သံများသံပြိုင်ဆို၍
အလံပြဘုရားလမ်း၊ဆူးလေဘုရားလမ်းမှ
မြို့တော်ခမ်းမရှေ့ကားပါကင်နေရာရှိ၊
ဟောပြောစဉ်ရှိရာသို့၊
ချီတက်ဆန္ဒထုတ်ဖေါ်ခဲ့သည်၊
အဆိုပါထောက်ခံပွဲဟောပြောမူကို
အစီစဉ်၉ရပ်ဖြစ်ပြုလုပ်ခဲ့ပြီး
ဟောပြောသူများမှာ
မြင်းခြံဆရာတော်ဦးဇာဂရ၊
တေးသံရှင်လီလီနိုင်ကျော်၊သရုပ်ဆောင်နှင့်မော်ဒယ်ရွှေအိမ်စည်၊
ဦးလှဆွေ(ဘူးလက်)တို့မှအသီးသီး
ဟောပြောခဲ့သည်၊
ထိုဟောပြောမူများမှ
ကောက်နူတ်တင်ပြသော်၊


မြင်းခြံဆရာတော်ဦးဇာဂရမှ
ယနေ့ပြည်သူတွေခေါင်းပြားအောင်အိပ်
နိုင်တာတပ်မတော်၏
ကျေးဇူးကြောင့်ဖြစ်ကြောင်း၊
ထို့ကြောင့်
ကတညု တ၊ကတပုညတာ၊
သူ့ကျေးဇူးကိုသိတတ်ခြင်းသည်
ဘုရားဟောနှင့်ညီကြောင်း
ဆရာတော်မှမိန့်ကြားခဲ့သည်၊
ထို့နောက်တေးသံရှင်လီလီနိုင်ကျော်
မှလည်း၊

"ကျွန်မတို့တိုင်းပြည်ကဖိုဖနောက်ဆိုင်
တွေပါ၊ပြည်သူကဖိုဖနောက်တခု၊တပ်မတော်ကဖိုဖနောက်တခု၊
အစိုးရကဖိုဖနောက်တခု၊
အာ့ဒီဖိုဖနောက်သုံးခုညီနေမှသာ
ကျွန်မတို့တိုင်းပြည်ဟာ၊
တိုးတက်မယ်၊အေးချမ်းမယ်၊ဘာသာသာသနာတည်တံခိုင်မြဲမယ်၊
အာ့ဒီဖိုဖနောက်သုံးခုမှာ
တခုခုကဖောက်ခဲ့ရင်တော့
ပြည်ထောင်စုထမင်းအိုးကြီး
ကျကွဲပါလိမ့်မယ်"လို့ပြောကြားခဲ့သည်၊
ဆက်လက်၍
အလှမယ်ရွှေအိမ်စည်မှလည်း

"မီဒီယာများမဟုတ်မမှန်ဝါဒဖြန့်ခြင်း၊
တပ်မတော်ခေါင်းဆောင်များအပေါ်
ပိတ်ဆို့အရေးယူဘို့ကြိုးပမ်းခြင်း၊
အစိုးရအဖွဲ့ဝင်များအပေါ်အပ်နှင်းထား
သောဘွဲ့တံဆိပ်များ၊ပြန်လည်ရုပ်သိမ်းခြင်းစတဲ့
ဖိအားပေးမူ
အမျိုးမျိုးနဲ့အကြပ်ကိုင်နေတဲ့နိုင်ငံ၊အဖွဲ့အစည်းတွေအမြင်မှန်ရလာအောင်
ဝိုင်းဝန်းဆောင်ရွှက်ပေးကြပါစို့"ဟု
တွန်းခဲ့ကြောင်း၊
ထို့နောက်ဦးလှဆွေ(ဘူးလက်)၏
ဟောပြောမူ့များကို
ကောက်နူတ်တင်ပြသော်၊

"SANCTIONSတွေပိတ်ဆို့တာ၊နှစ်ပေါင်းများစွာကတည်းက
ပိတ်ဆို့တဲ့ကြားက၊နေပြည်တော်ကြီးတည်ဆောက်ခဲ့တယ်၊
အမြန်လမ်းကြီးဖောက်ခဲ့တယ်၊
အခုပုဂ္ဂိုလ်တွေကိုတော့
့ကျွန်တော်ပြောခြင်တယ်
အာ့ဒီနေပြည်တော်ကြီးလွှတ်တော်က၊အဆောက်အဦးတခုကိုဆေးသုတ်ဘို့
ဘတ်ချက်ရှိရဲ့လားလို့မေးချင်တယ် "ဟုဘူးလက်ဦးလှဆွေပြောကြားခဲ့သည်၊
တပ်မတော်သည်ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံရဲ့တပ်မတော်၊သမ္မတကြီးဦးထင်ကျော်လက်အောက်က၊
တပ်မတော်ဖြစ်ကြောင်း၊ဒါကြောင့်
"သမ္မတကြီးခင်ဗျာ၊ကျွန်တော်တို့နိုင်ငံကို
အသက်ပေးနေသော၊
ရဲဘော်မှစ၊ဗိုလ်ချုပ်မူးကြီးအထိတပ်မတော်
ခေါင်းဆောင်တွေကိုEU တို့၊UASတို့အင်္ဂလန်တို့ပြင်သစ်တို့က
ဟိုဟာပိတ်ပင်၊ဒီဟာပိတ်ပင်လုပ်နေတာကိုငါတို့ဟာ၊ငါတို့အစိုးရအဖွဲ့ဟာတပ်မတော်နှင့်အတူရှိနေတယ်။မင်းတို့ပိတ်ဆို့တာကိုငါတို့
ကန့်ကွက်ပါတယ်လို့ကြေငြာပေးပါလို့
ဒီနေရာကနေတင်ပြပါတယ်၊မကြေငြာဘူးဆိုရင်တော့
တပ်မတော်နှင့်အစိုးရကသတ်သတ်စီလားလို့၊
မေးရမလိုဖြစ်နေ၊"လို့လည်း
ပြောကြားခဲ့သည်၊
ဆက်လက်၍နိုင်ငံပိုင်မီဒီယာများမှ
တပ်မတော်ထောက်ခံပွဲများအား
ထည့်သွင်းမဖေါ်ပြမူ့အပေါ်ကိုလည်း
ဦးလှဆွေ(ဘူးလက်)မှ
ဤသို့ဝေဖန်သုံးသပ်လိုက်သည်၊
"တောင်ကြီးမှာအင်အားတစ်သိန်းကျော်
ဖြင့်တပ်မတော်ထောက်ခံပွဲလုပ်ခြင်း
အပေါ်
အစိုးရမီဒီယာတွေမှာဖေါ်ပြခြင်းမရှိသဖြင့်
အစိုးရနှင့်တပ်မတော်တစ်သားတည်းလို့
ပြောလို့ရမလား၊ဟုသုံးသပ်ကြောင်း၊

ကိုဖီအာနန်အစီရင်ခံစာနှင့်ပတ်သက်၍
ပြောကြားရာတွင်လည်း
ကိုဖီအာနန်စာအုပ်နှင့်ပတ်၍အနှစ်သာရကိုထုတ်လျှင်
နှစ်ချက်ဘဲရှိကြောင်း၊
"(၁)၈၂နိုင်ငံသားပြကိုက်ညီသော
သူများကိုနိုင်ငံသားပေးဘို့၊
(၂)၈၂ နိုင်ငံသားပြမကိုက်ညီသူများကို
ဥပဒေပြုပြင်ပြီးနိုင်ငံသားပေးရမည်၊ဖြစ်ကြောင်း၊
သို့ပါ၍
"တဝက်ကိုဥပဒေအရ၊
နိုင်ငံသားပေးမယ်၊
နောက်တဝက်ကိုဥပဒေပြင်ပြီးပေးမယ်ဆိုတာ၊ခင်ဗျားတို့လက္ခံလား၊တပ်မတော်ကတော့လက္မခံဘူးတဲ့၊
အာ့ဒီတပ်မတော်ကိုဝန်းရံဘို့မလိုဘူးလား "ဟုပြောကြားခဲ့သည်၊
ဦးလှဆွေ(ဘူးလက်)မှ
နိဂုံးချုပ်ပြောကြားရာတွင်
"ဘင်္ဂလီအကြမ်းဖက်အဖွဲ့အစည်းတွေ
လုပ်ချင်တိုင်းလုပ်ဘို့ရာအတွက်
အကြီးမားဆုံးအဟန့်အတားဟာ၊
တပ်မတော်ဘဲ၊တပ်မတော်ကိုနည်းပေါင်းစုံဖြင့်
ပြည်တွင်း
ပြည်ပပေါင်းပြီးတိုက်ခိုက်နေတာ၊ဒါကိုခင်ဗျာ့တို့ကျွန်တော်တို့
တိုင်းရင်းသားဒေသခံပြည်သူတွေက
လက္မခံဘူး၊တပ်မတော်ကိုဝန်းရံပေးရမယ်၊ဒါဟာနိုင်ငံချစ်စိတ်၊အမျိုးသားရေးချစ်စိတ်ဖြစ်တယ်"
ဒီမိုကရေစီရေးတွေ၊လူအခွင့်ရေးတွေထက်
အမျိုးသားရေးကို
ရှေ့တန်းတင်ဘို့လိုတယ်"ဟု
ပြေားကြားခဲ့သည်၊
အဆိုပါအခန်းအနားသို့
ရန်ကုန်မြို့တွင်းမြို့နယ်အသီးသီးမှ
ရဟန်းရှင်လူပြည်သူပေါင်း
တစ်သိန်းခြောက်သောင်းနီးပါး
တိုက်တွန်းချက်မပါ၊
မိမိသဘောဆန္ဒ
အလျောက်တက်ရောက်အားပေး
ထောက်ခံခဲ့ကြောင်းနှင့်
တက်ရောက်လာသူပြည်သူများမှ
သဘောထားထုတ်ပြန်မူ့ကို၊
ဖတ်ကြားခဲ့ပြီး
"တပ်မတော်အင်အားရှိမှ
တိုင်းပြည်အင်အားရှိမည်"
သီချင်းဖြင့်သံပြိုင်သီဆို၍
အခမ်းအနားကိုညနေ၄နာရီ၂၀မိနစ်
တွင်အောင်မြင်စွာပြီးဆုံးကြောင်း
သိရသည်။

မြတ်ဟိန်းကျော်(ကော့မူး)

No comments

Note: Only a member of this blog may post a comment.