"လက်ရှိအာဏာရနေတဲ့ NLDပါတီအစိုးရ၊ ပါတီနိုင်ငံရေးကိုထဲထဲဝင်ဝင်မသိ၊ တိုင်းပြည်၏အစိုးရတာဝန်ကိုလည်းစမ်းတဝါးဝါး နှင့်လုပ်နေ"ဟုပြည်ခိုင်ဖြိုးဥက္ကဌဦးသန်းဌေးပြော၊
📷 မြတ်ဟိန်းကျော်(ကော့မူး) 📷
FREELANCE JOURNALIST
🔜🔜🔜နေ့စဉ်သတင်းထူးများစုစည်းတ
င်ပြမူ့🔜🔜🔜
အောက်တိုဘာ ၂၃
"လက်ရှိအာဏာရနေတဲ့ NLDပါတီအစိုးရ၊
ပါတီနိုင်ငံရေးကိုထဲထဲဝင်ဝင်မသိ၊
တိုင်းပြည်၏အစိုးရတာဝန်ကိုလည်းစမ်းတဝါးဝါး
နှင့်လုပ်နေ"ဟုပြည်ခိုင်ဖြိုးဥက္ကဌဦးသန်းဌေးပြော၊
_________________________________________
"ပါတီနိုင်ငံရေးဆိုတာဒီဘက်ခေတ်မှာ
၂၀၁၀ခုနှစ်မှစပြီး၊ရွှေးကောက်ပွဲတွေလုပ်၊သူနိုင်ကိုယ်နိုင်ပြိုင်ပြီးအာဏာရလာရတာ၊
လွပ်လပ်ရေးရပြီး(၄၈)ကနေ(၆၁)ထိ၊
(၁၄)နှစ်တာကာလ၊ပါတီနိုင်ငံရေးက၊ကျွန်တော်တို့စာတွေ့ဘဲရှိပါသေးတယ်၊
လက်ရှိအာဏာရနေတဲ့ NLD ပါတီအစိုးရ
အဲ့ဒီ(၁၄)နှစ်တာကာလ၊
ပါတီနိုင်ငံရေးအကြောင်းသူတို့
ထဲထဲဝင်ဝင်မသိ၊သေချာနားလည်တဲ့သူလည်း၊
ယနေ့ခေတ်မှာမရှိဘူး၊
တိုင်းပြည်ရဲ့အစိုးရတာဝန်ကိုလည်း၊စမ်းတဝါးဝါးနဲ့
လုပ်နေတယ်"ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးသန်းဌေးမှ
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊
ကျောင်းကုန်းမြို့နယ်၊သစ်ဆိမ့်ကုန်းကျေးရွာအုပ်စုတွင်
အောက်တိုဘာ ၂၃ ရက်နေ့နံနက်
၉နာရီ၌ပြုလုပ်ခဲ့သော
ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးသန်းဌေးနှင့်
ပါတီဝင်လူထုတွေ့ဆုံပွဲအခန်းအနား
တွင်ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲမှပြည်ခိုင်ဖြိုးဥက္ကဌ
ဦးသန်းဌေး၏ပြောကြားချက်များမှ
ကောက်နုတ်တင်ပြသော်၊
ဒီမိုကရေစီကိုပြည်ခိုင်ဖြိုးအစိုးရ
ဦးသိန်းစိန်လက်ထက်မှစပြီးအကောင်အထည်
ဖေါ်ခဲ့သောဒီမိုကရေစီသည်
စည်းကမ်းပြည့်ဝသော၊တာဝန်ယူမူ့တာဝန်ခံမူအပြည့်အဝရှိသော
ဒီမိုကရေစီဖြစ်ကြောင်း၊
သို့သော်ဤသို့ပြောဆိုခြင်းကို
ပုဂ္ဂိုရေးတိုက်ခိုက်နေသူလော်ဘီ(ယနေ့ခေတ်အခေါ်)များကဘောင်ခတ်ထားသည်ဟုယူဆကြောင်း၊
"ယနေ့လက်ရှိဒီမိုကရေစီအစိုးရဟု
ပြောဆိုနေသောလက်ထက်တွင်
တဦးခြင်းဒီမိုကရေစီဘယ်လောက်ရပြီလဲ၊
ဘယ်လောက်နားလည်ကြပြီလည်း၊ဆန္ဒထုတ်ဖေါ်မူတွေဘယ်လက်ထက်ကပိုများနေလည်း"ဟု
ပြောကြားကြောင်း၊
ယနေ့အစိုးရလက်ထက်
"ဝန်ကြီးချုပ်အဆင့်လောက်ရှိသူပုဂ္ဂိုလ်က၊
ဒီမိုကရေစီဆိုတာ...ခင်ဗျားလုပ်ချင်တာ
လုပ်တာ၊မလုပ်ချင်တာမလုပ်တာ၊ဒီမိုကရေစီ"လို့၊
တလွဲဘာသာပြန်ခြင်းသည်ရမ်းကားမူ့ဖြစ်တယ်ဟု
ယူဆကြောင်း။
အစိုးရတာဝန်ကိုယူထားကြသူများသည်
စမ်းတဝါးဝါးဆောင်ရွှက်နေသည့်အတွက်
ဘယ်အချိန်ဘာလုပ်ရမည်၊ဘယ်အရာကိုဦးစားပေး
ဆောင်ရွှက်ရမည်ကိုသေချာမသိရှိကြောင်း၊
ဆက်လက်၍
ပြည်ခိုင်ဖြိုးပါတီ
ပြီးခဲ့တဲ့ ၅နှစ်တာသက်တမ်းမှာ
ပြီးခဲ့တဲ့အစိုးရကို
မကောင်းကြောင်းမပြောခဲ့ကြောင်း၊တိုင်းပြည်စီးပွားရေးလည်းကောင်းမွန်လာကြောင်း၊
လက်ရှိပြည်ခိုင်ဖြိုးပါတီသည်အာဏာရပါတီမဟုတ်ဘဲရွာလုံးကျွတ်ပါတီဝင်တာ
တွေရှိခဲ့ကြောင်း၊ယခုလိုပါတီဝင်တိုးတက်လာခြင်း
သည်၊
အမျိုးဘာသာသာသနာကိုကာကွယ်
စောင့်ရှောက်သည့်ပါတီဟုယုံကြည်သည့်အတွက်
ဖြစ်ကြောင်း၊အမျိုးဘာသာသာသနာကာကွယ်စောင့်
ရှောက်ခြင်းသည်ပါတီဝင်မှမဟုတ်ဘဲတဦးခြင်းစီ၏
ဦးထိပ်ပန်ဆင်ရမည့်မွေးရာပါတာဝန်ဖြစ်ကြောင်း၊
ယနေ့အတိုက်ခံအလုပ်ကိုလုပ်ရာမှာ
လည်း၊"ပါတီကိုမတိုက်ခိုက်၊လူပုဂ္ဂိုကိုမတိုက်ခိုက်ဘဲ၊တိုင်းပြည်စီးပွားရေးမကောင်းရင်ပြောမယ်၊နယ်မြေဆုံးရူံးမူအခြေနေရောက်ရင်
ပြောမယ်၊"
အဲဒါမှန်ကန်တဲ့အတိုက်ခံကောင်း
ဖြစ်ကြောင်း၊လူနဲ့စနစ်ကိုကွဲပြားကြည့်တတ်ဘို့လို
ကြောင်း၊
ဤကဲ့သို့ဒီမိုကရေစီကိုဖေါ်ဆောင်ဘို့
နားလည်ဆောင်ရွှက်နိုင်တဲ့ပါတီသည်
ပြည်ခိုင်ဖြိုးပါတီရှိနေကြောင်း၊ပြောကြားခဲ့သည်။
ထိုတွေ့ဆုံပွဲသို့တိုင်းခရိုင်မြို့နယ်များမှ
ပါတီဝင်လူထု၆၅၀ဦး
တက်ရောက်ခဲ့ကြကြောင်းသိရသည်။
Ref; usdp
Via ;မြတ်ဟိန်းကျော်(ကော့မူး)

Post a Comment