Header Ads

ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းပေါ်တွင် ကားတိုက်မှုဖြစ်ပွား တစ်ဦးသေ တစ်ဦးဒဏ်ရာရ ရခိုင်ဂေဇက်၊ အောက်တိုဘာ(၂၅) ဆောင်းဇာခြည် ပုဏ္ဏားကျွန်းမြို့နယ၊် ကျောက်ဆိတ်ကျေးရွာ အနီး ရန်ကုန်၊ စစ်တွေ အဝေးပြေးကားလမ်းမ ပေါ်၌ ယနေ့ အောက်တိုဘာ(၂၅)ရက်နေ့၊ နံနက် ၁၀း၄၅ အချိန်တွင် အမျိုးသားနှစ်ဦးမောင်း နှင်စီးနင်းလာသော ဆိုင်ကယ်ကို ကုန်တင်ကား တစ်စီးက ဝင်တိုက်မိရာမှစ်ဦးသေ ဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းပုဏ္ဏားကျွန်းမြို့နယ်ရဲစခန်းမှ သိရသည်။ " ဆိုင်ကယ်နဲ့လာတဲ့ နှစ်ဦးမှာတော့ တစ်ဦးပွဲချင်းပြီးသေပါတယ်။ တစ်ဦးကတော့ ဒဏ်ရာရလို့ ပုဏ္ဏားကျွန်းဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။ ကားမောင်းလာသူ ကတော့ ဒဏ်ရာမရလိုက်ပါဘူး။ သူ့ကိုတော့ ကျွန်တော်တို့ ဖမ်းထားပြီးပါပြီ။ ” ဟု ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ရခိုင်ဂေဇက် သို့ ပြောကြားသည်။ ယခု ဖြစ်စဉ်တွင် သေဆုံးခဲ့သူမှာ မြေပုံမြို့နယ် ၊ကမ်းထောင်းကြီးမြို့ မှ အသက် (၃၁)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ကားမောင်းလာသူမှာ ရှမ်းပြည်နယ်ဘက်မှ ဗမာလူမျိုး ဦးမောင်ထွေး ဖြစ်ပြီး ယခုလက်ရှိ ပုဏ္ဍားကျွန်းရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျှက်ရှိ ကြောင်းသိရသည်။ ရခိုင်ပြည်နယ် ၊စစ်တွေ၊ရန်ကုန် အဝေးပြေးလမ်းမကြီးပေါ်တွင် စက်တင်ဘာ (၂၆)ရက်နေ့မှလည်း ယိုးတရုတ် ကျေးရွာ ကားလမ်းပေါ်တွင် ရပ်နားထားသော Hijetကားသုံးစီးအား ရွှေပြည်သစ်ခရီးသည်တင် ကားကြီးမှ ၀င်တိုက်ရာမှ လူ(၈)ဦးသေဆုံးခဲ့မှု ဖြစ်ပွားမှုရှိခဲ့သည်။ pho crd Credit-ရခိုင်ဂေဇက် #MZT

ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းပေါ်တွင် ကားတိုက်မှုဖြစ်ပွား တစ်ဦးသေ တစ်ဦးဒဏ်ရာရ



ရခိုင်ဂေဇက်၊ အောက်တိုဘာ(၂၅)
ဆောင်းဇာခြည်

ပုဏ္ဏားကျွန်းမြို့နယ၊် ကျောက်ဆိတ်ကျေးရွာ
အနီး ရန်ကုန်၊ စစ်တွေ အဝေးပြေးကားလမ်းမ
ပေါ်၌ ယနေ့ အောက်တိုဘာ(၂၅)ရက်နေ့၊ နံနက် ၁၀း၄၅ အချိန်တွင် အမျိုးသားနှစ်ဦးမောင်း
နှင်စီးနင်းလာသော ဆိုင်ကယ်ကို  ကုန်တင်ကား
တစ်စီးက ဝင်တိုက်မိရာမှစ်ဦးသေ ဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းပုဏ္ဏားကျွန်းမြို့နယ်ရဲစခန်းမှ သိရသည်။

" ဆိုင်ကယ်နဲ့လာတဲ့ နှစ်ဦးမှာတော့ တစ်ဦးပွဲချင်းပြီးသေပါတယ်။ တစ်ဦးကတော့ ဒဏ်ရာရလို့ ပုဏ္ဏားကျွန်းဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။ ကားမောင်းလာသူ   ကတော့ ဒဏ်ရာမရလိုက်ပါဘူး။ သူ့ကိုတော့ ကျွန်တော်တို့ ဖမ်းထားပြီးပါပြီ။ ” ဟု ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ရခိုင်ဂေဇက် သို့ ပြောကြားသည်။

ယခု ဖြစ်စဉ်တွင် သေဆုံးခဲ့သူမှာ မြေပုံမြို့နယ် ၊ကမ်းထောင်းကြီးမြို့ မှ အသက် (၃၁)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ကားမောင်းလာသူမှာ ရှမ်းပြည်နယ်ဘက်မှ ဗမာလူမျိုး ဦးမောင်ထွေး ဖြစ်ပြီး ယခုလက်ရှိ ပုဏ္ဍားကျွန်းရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျှက်ရှိ ကြောင်းသိရသည်။

ရခိုင်ပြည်နယ် ၊စစ်တွေ၊ရန်ကုန် အဝေးပြေးလမ်းမကြီးပေါ်တွင် စက်တင်ဘာ (၂၆)ရက်နေ့မှလည်း ယိုးတရုတ် ကျေးရွာ ကားလမ်းပေါ်တွင်  ရပ်နားထားသော Hijetကားသုံးစီးအား ရွှေပြည်သစ်ခရီးသည်တင် ကားကြီးမှ  ၀င်တိုက်ရာမှ လူ(၈)ဦးသေဆုံးခဲ့မှု ဖြစ်ပွားမှုရှိခဲ့သည်။
pho crd
Credit-ရခိုင်ဂေဇက်
#MZT

No comments

Note: Only a member of this blog may post a comment.