Header Ads

"နိုင်ငံတော်လုံခြုံရေး အထူးဥပဒေ ပြဌာန်းဖို့လိုပြီ"

အောက်တိုဘာ၂၇

#copy

အဘကတော့ ဒုတိယအကြိမ်သတိပေးလိုက်ပြန်
ပြီနော်...လေးစားပါတယ်အဘ
"နိုင်ငံတော်လုံခြုံရေး အထူးဥပဒေ ပြဌာန်းဖို့လိုပြီ"
============================

NLD လွှတ်တော်အမတ်တွေကိုမေတ္တာရပ်ခံတောင်းဆို
ချင်တာတစ်ခုရှိတယ်။ အဲဒါကတော့ ဧည့်စာရင်းမဟုတ်
တဲ့ "နိုင်ငံတော်လုံခြုံရေးဥပဒေ" တစ်ခု ပြဌာန်းပေးဖို့ဖြစ်
ပါတယ်။

ကျနော်အရင်ပြောဖူးသလို မလေးရှားက အော်ပရာစီ/
ထိုင်းက တာမောလိုပေါ့။ ဒီဥပဒေအရ လုံခြုံရေးတပ်ဖွဲ့
ဝင်တွေဟာ အင်အားသုံးပြီး မသင်္ကာတဲ့နေရာတွေကို
ရှောင်တခင်စစ်ဆေးခွင့်/ ပိုက်စိတ်တိုက် စီးနင်းရှာဖွေ
ခွင့်ရှိရမယ်။

ကျနော်တို့အနေနဲ့ မလေးတို့ ထိုင်းတို့မှာတောင် ရှိထား
တဲ့ ဥပဒေမျိုးကို ပြဌာန်းရာမှာ လူ့အခွင့်အရေးရှုထောင့်
တစ်ခုတည်းကို ကြည့်လို့မဖြစ်ဘူး။

YBS မပြည့်စုံသေးဘဲ မထသစနစ်ကို ဖျက်လိုက်သလို
နိုင်ငံတော်လုံခြုံရေးအတွက် အားကိုးရမယ့် ဥပဒေတစ်
ခုခု မပြဌာန်းရသေးဘဲ ဧည့်စာရင်း ဥပဒေကိုဖျက်လိုက်
ပြီးဖြစ်တယ်။

ဒီနေရာမှာ ပြည်သူအားလုံးကို ဒုက္ခပေးနေတဲ့ ဧည့်စာ
ရင်း ဥပဒေကို ကောင်းတယ်လို့ပြောတာမဟုတ်။ ဧည့်
စာရင်းဥပဒေဖျက်လိုက်တာကို ဝမ်းမြောက်ဝမ်းသာစွာ
ကြိုဆိုတယ်။ သို့သော် အကူးအပြောင်းကာလမှာ ကျ
နော်တို့တိုင်းပြည်ရဲ့ အခြေအနေကို အများသိသလိုပဲ
လွှတ်တော်  ကိုယ်စားလှယ် Law Maker (LM) တွေ
လည်း သိပြီးသားဖြစ်တယ်။

ဒီတော့ ဖျက်သိမ်းပြီးဖြစ်တဲ့ ဧည့်စာရင်း ဥပဒေအစား
နိုင်ငံတော်လုံခြုံရေးအတွက် ခိုးဝင်ဘင်္ဂလီတွေကို စစ်
ဆေးနိုင်ဖို့အပြင် အကြမ်းဖက်သမားတွေ ခြေကုပ်ယူ
စုစည်းနိုင်တဲ့နေရာတွေကိုပါ ဝင်ရောက်စစ်ဆေးနိုင်ဖို့
ဥပဒေသစ်တစ်ရပ်လိုပါတယ်။

ရခိုင်ပြည်နယ်မှာ  အစိုးရ/ တပ်မတော်နဲ့  ရဲတပ်ဖွဲ့ဝင်
တွေ ဂရုပြုလှုပ်ရှားနေပေမဲ့ ရန်ကုန်ဟာ ခိုးဝင်ဘင်္ဂလီ
တွေအတွက် transit ဖြစ်နေတယ်။

ဧည့်စာရင်းမရှိတော့ ဝင်ချင်ဝင်/ ထွက်ချင်ထွက် ဘယ်
သူမှမသိနိုင်သလို သတင်းပေးသူရှိပြန်ရင်လည်းလက်
ရှိဥပဒေအရတရားသူကြီးဆီကဝရမ်းမပါရင်ဝင်ရောက်
ရှာဖွေခွင့်မရှိပြန်ဘူး။

ဒါ့ကြောင့် ဒီလစ်ဟာနေတဲ့ လုံခြုံရေးကွပ်လပ်ကိုဖြည့်
ဖို့ ဥပဒေသစ်ပြဌာန်းဖို့ လိုပါတယ်။

သတင်းအခြေအနေပေါ်မူတည်ပြီး လိုအပ်ရင်လိုအပ်
သလို အမြန်ဆုံးဆောင်ရွက်ရမှာဖြစ်တာမို့ တရားသူ
ကြီးဝရမ်းမပါဘဲ သက်ဆိုင်ရာ တာဝန်ရှိ ပြန်တမ်းဝင်
အရာရှိတစ်ဦးလက်မှတ်နဲ့ စစ်ဆေးနိုင်တာမျိုးဖြစ်သင့်
တယ်။

အထူးအရေးကြီးတာက ဒီတာဝန်ကိုထမ်းဆောင်မယ့်
အထူးတပ်ဖွဲ့မျိုးပါ ဖွဲ့စည်းဖို့လိုပါတယ်။ နယ်မြေခံရဲတပ်
ဖွဲ့ကိုသုံးတာမျိုး အဆင်မပြေနိုင်ပါဘူး။ ဥပမာ အကြမ်း
ဖက်နှိမ်နှင်းရေးတပ်ဖွဲ့လိုပေါ့။

ကျနော်ကော့သောင်းမှာရှိစဉ် ထိုင်းမှာတာမောဖမ်းနေ
ပုံကို TV ကနေ Live လွှင့်ပြတာ ကြည့်ဖူးတယ်။

ထိုင်းအထူးတပ်ဖွဲ့ မြန်မာအများစုရှိတဲ့ စက်ရုံတစ်ခုကို
ဝင်စီးတယ်။ မြန်မာတွေ ဝရုန်းသုန်းကား ပြေးကြတာ
ပေါ့။ နောက်ကလိုက်တဲ့ ထိုင်းအထူးတပ်ဖွဲ့က မပြေးဖို့
အော်ပြောတယ်။ မပြေးဘဲ ဝပ်နေတဲ့သူကို မပစ်ပေမဲ့
အော်နေရဲ့သားနဲ့  ဆက်ပြေးတဲ့သူကို  မောင်းပြန်ရိုင်
ဖယ်နဲ့ပစ်တယ်။ ခွေခနဲပဲ။ ဘာတတ်နိုင်မှာလဲ။ သူ့နိုင်
ငံ သူ့ဥပဒေလေ။

အခုလည်း အဲဒီလို အစားထိုးဥပဒေတစ်ခုခု ပြဌာန်းဖို့
အချိန်တန်နေပါပြီ။ NLD လွှတ်တော်အမတ်တွေကိုယ်
တိုင်က တက်တက်ကြွကြွလုပ်သင့်တဲ့ကိစ္စဖြစ်တယ်။

အမတ်တွေကိုယ်တိုင်တက်တက်ကြွကြွမလှုပ်တဲ့အခါ
NLD အစိုးရဟာ နိုင်ငံတော်လုံခြုံရေးကို စိတ်မဝင်စား
ဘဲ ကုလားတွေကို နေရာပေးချင်တယ်လို့ အတိုက်အ
ခံပါတီ/ အမျိုးသားရေးဝါဒီတွေနဲ့ Anti NLD တွေဘက်
က ပြောစရာ လက်ညှိုးထိုးစရာဖြစ်လာတယ်။

အခုပြောတဲ့ ဥပဒေမျိုးသာ ပြဌာန်းပြီးသား ဖြစ်နေခဲ့ရင်
မင်္ဂလာတောင်ညွန့်ပြဿ     နာမျိုး ပေါ်ပေါက်လာစရာအ
ကြောင်းမရှိဘူး။

သတင်းရရှိရေးအတွက်အရေးကြီးတယ်ဆိုတာ လုံခြုံ
ရေးအဖွဲ့တိုင်း သိပါတယ်။ သတင်းရဖို့အတွက် လူမွေး
ရတယ်။ လူမွေးဖို့အတွက် ဘတ်ဂျက်လိုတယ်။

ဒီနေရာမှာ စစ်အစိုးရလက်ထက်စစ်ထောက်လှမ်းရေး
က ဒီဘက်ခေတ် စရဖထက်သာတယ်ဆိုတာ ငြင်းလို့
မရဘူး။

စစ်ထလရလည်း ဘတ်ဂျက်အလုံအလောက်မရဘူး။
သို့သော် သူ့မှာလုပ်ပိုင်ခွင့်ရှိတယ်။ အရေးကြီးသတင်း
ပေးနိုင်တဲ့ source တွေမှန်သမျှ စစ်ထောက်လှမ်းရေး
က လုပ်ပိုင်ခွင့်တွေ ပေးထားတယ်။

အခုချက်ချင်း ရနောင်းဘက်က xx  တစ်ယောက်လှေ
နဲ့ထွက်လာတယ်။ ကော့သောင်းဆိပ်ခံတံတားရောက်
ပြီး ခြေချလိုက်တာနဲ့ လက်ထိပ် တန်းခပ်လိုက်တာပဲ။
တကယ်လည်း xx ဖြစ်နေတယ်။  ဒါ ဘာလဲဆိုတော့
သတင်းပေးနိုင်မယ့် source တွေ မွေးထားနိုင်တာ။

ဒီဘက်ခေတ်မှာတော့စစ်ထောက်လှမ်းရေးလိုသတင်း
ပေးမျိုး မွေးမြူ နိုင်ဖို့ မလွယ်ဘူးပေါ့။ ဒါကို တခြားနည်း
တစ်ခုခုနဲ့ ဖြေရှင်းဖို့ နည်းလမ်းရှာသင့်တယ်။

အဓိက အရေးကြီးတာက နိုင်ငံတော်လုံခြုံရေးအတွက် အထက်ကပြောသလို ဥပဒေသစ်တစ်ခု ပြဌာန်းဖို့ပဲဖြစ်
တယ်။ ဥပဒေပြဌာန်းထားမှ ဥပဒေနဲ့အညီဆောင်ရွက်
နိုင်မှာဖြစ်တယ်။

ဒါဟာ ခိုးဝင်ဘင်္ဂလီရှာဖွေဖော်ထုတ်ရေးသက်သက်အ
တွက်မဟုတ်ဘဲ နောင် (အခုလည်းရောက်ချင်ရောက်
နေနိုင်တယ်) ဝင်လာကောင်း ဝင်လာနိုင်တဲ့ အကြမ်း
ဖက်သမားတွေကို ရှာဖွေဖော်ထုတ်အရေးယူနိုင်တဲ့အ
ထိကြိုတင်ဆောင်ရွက်ထားခြင်း/ ကြိုတင်ပြင်ဆင်ထား
ခြင်းလည်း ဖြစ်တယ်။

အစွန်းရောက်အကြမ်းဖက်သမားတွေဟာ အသေခံဗုံး
ခွဲတာတို့ ပြည်သူကိုဓားစာခံလုပ်ပြီး တိုက်ခိုက်တာတို့
လုပ်လေ့ရှိတဲ့အတွက် အဲဒီလို တိုက်ခိုက်မှု မျိုးတွေကို
တန်ပြန်တိုက်ခိုက်ရာမှာထိရောက်သထက်ထိရောက်
အောင် အခုကတည်းက နည်းလမ်းအမျိုးမျိုးနဲ့လေ့ကျင့်
သား ပြည့်ဝနေဖို့လည်းလိုတယ်။

ဆိုကြပါစို့ လှည်းတန်းစင်တာ/ ဒဂုံစင်တာ တစ်ခုခုကို
အကြမ်းဖက်သမားတွေ ဝင်ရောက်စီးနင်းပြီး ပြည်သူ
ကို ဓားစာခံလုပ်ထားရင် တတ်နိုင်သမျှ ပြည်သူအထိ
အခိုက်မရှိဘဲ ရန်သူကို ထိထိရောက်ရောက်ဘယ်လို
ချေမှုန်းမလဲ။

လွယ်တယ်မထင်ပါနဲ့။ ပူတင်တောင် ကဇာတ်ရုံဝင်စီး
တဲ့အကြမ်းဖက်သမားတွေကိုတန်ပြန်စီးနင်းတိုက်ခိုက်
ရာမှာ မေ့ဆေးငွေ့သုံးတာများသွားလို့ ဓားစာခံပြည်သူ
တွေပါသေဆုံးခဲ့တဲ့အတွက် အပြစ်တင်ခံခဲ့ရဖူးတယ်။
ထားပါတော့ ဒါက လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့အပိုင်း။

လွှတ်တော်ကိုယ်စားလှယ်တွေရဲ့အဓိကတာဝန်ကလို
အပ်တဲ့ဥပဒေအသစ်တွေပြဌာန်းပေးပြီးပြည်သူကိုကာ
ကွယ်နိုင်ဖို့ဖြစ်တယ်။

ဥပဒေနဲ့အညီဆောင်ရွက်ရာမှာ ဘယ်လူ့အခွင့်အရေး
အဖွဲ့အော်သံကိုမှ ဂရုစိုက်နေလို့မရဘူး။ အဓိကက ဥ
ပဒေရှိနေဖို့ အရေးကြီးတယ်။

အခုတင်ပြတောင်းဆိုနေတာတွေကိုလွှတ်တော်ကိုယ်
စားလှယ်တွေကြားနိုင်ပါစေ လုံခြုံရေးအသိ/ သတိရှိပါ​စေ။

Crd...photo..
HeinMin

No comments

Note: Only a member of this blog may post a comment.