Header Ads

အမျိုးသား(၁)ဦး ငမိုးရိပ်ချောင်းတွင်ရေနစ်သေဆုံးမှုဖြစ်ပွား

အမျိုးသား(၁)ဦး ငမိုးရိပ်ချောင်းတွင်ရေနစ်သေဆုံးမှုဖြစ်ပွား
===========================


၂၀၁၇၊အောက်တိုဘာလ(၂၀)ရက်နေ့
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ် (င)ရပ်ကွက်၊
ဗိုလ်မှူးဗထူးလမ်းနှင့် ခေမာသီလမ်းပေါ်ရှိ ငမိုးရိပ်တံတား၊
ငမိုးရိပ်ချောင်းတွင် ကျား………. အသက်(၃၈)နှစ်သည် ရေနစ်သေဆုံးမှု
ဖြစ်ပွားခဲ့ရာမြောက်ဥက္ကလာပမြို့မရဲစခန်းမှဒုရဲအုပ်တစ်ဦးသည်
နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ဆက်သွယ်အကူအညီတောင်းခံလာ
သဖြင့် အသင်းမှ နိဗ္ဗာန်ယာဉ်ဖြင့် အသင်းသားများသွားရောက်၍
ကျန်ရှိသောရုပ်အလောင်းအား မြောက်ဥက္ကလာပဆေးရုံကြီး သို့ (အခမဲ့)ပို့ဆောင်ကူညီပေးခဲ့ကြသည်။


နာရေးနှင့်ပတ်သက်၍ အကူညီတောင်းခံလိုပါက -
ဖုန်း - 01 709277 ၊ 01 704784 ၊
ရေဝေး ဖုန်း-09 8640219၊
ထိန်ပင် ဖုန်း- 0973245372 သို့ဆက်သွယ်နိုင်ပါသည်။

သတင်း/ဓါတ်ပုံ - ပြန်ကြားရေးဌာန (FFSS)
နာရေးကူညီမှုအသင်း-ရန်ကုန်
Via; MinZinThan

No comments

Note: Only a member of this blog may post a comment.