Header Ads

📷  မြတ်ဟိန်းကျော်(ကော့မူး) 📷
   FREELANCE   JOURNALIST

🔜🔜🔜နေ့စဉ်သတင်းထူးများစုစည်းတင်ပြမူ့🔜🔜🔜

အောက်တိုဘာ ၂၁

ရခိုင်ပြည်နယ်မြောက်ပိုင်းမှ
ဘင်္ဂါလီများကို ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေဖြင့်သာ စိစစ်ရမည်ဟုပြည်ခိုင်ဖြိုးပါတီ
ပါတီဗဟိုအလုပ်အမှုဆောင်  ဦးဝဏ္ဏမောင်လွင်ပြော၊
_________________________________________

ရှမ်းပြည်နယ်
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်
အောက်တိုဘာ ၁၉ ရက်က
ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးသန်းဌေးမှ
ပင်းတယမြို့နယ်အတွင်းရှိတယ်ပင်ကျေးရွာ၊ဝါတရာကျေးရွာ၊ရှောက်ပင်ကျေးရွာ၊(၃)ရွာတို့မှရွာလုံးကျွတ်
ပြည်ခိုင်ဖြိုးပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲ
သို့တက်ရောက်အားပေးချီးမြင့်စဉ်...
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်က
ရခိုင်ပြည်နယ်မြောက်ပိုင်းမှ
ဘင်္ဂါလီများကို ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေဖြင့်သာ စိစစ်ရမည်ဖြစ်ကြောင်း၊

ရခိုင်ပြည်နယ်
မြောက်ပိုင်းမှ ဘင်္ဂါလီများကို ပြည်ခိုင်ဖြိုးပါတီ အစိုးရလက်ထက်တွင်လည်းကောင်း၊ ခေတ်အဆက်ဆက်
အစိုးရလက်ထက်တွင်လည်းကောင်း နိုင်ငံတကာမှ ရိုဟင်ဂျာနိုင်ငံသားအဖြစ် လက်ခံခိုင်း၍ ဖိအားပေးမှုများရှိခဲ့ကြောင်း၊
 သို့သော် မိမိတို့အနေနှင့်
ရိုဟင်ဂျာအဖြစ် လက်မခံခဲ့ဘဲ လက်မခံသည့်အကြောင်းကိုလည်း ချက်ချင်းတုန့်ပြန်ခဲ့ကြောင်း ဦးဝဏ္ဏမောင်လွင်ကပြတ်သားစွာပြော
ကြားခဲ့သည်။

Ref; USDP
Via; မြတ်ဟိန်းကျော်(ကော့မူး)

No comments

Note: Only a member of this blog may post a comment.