Header Ads

သံလျင်တံတားပေါ်မှယာဉ်ပိတ်စို့မူ

သန်လျင်တံတားပေါ်ကားပိတ်မှုကြောင့်  ခရမ်း၊သုံးခွ၊သန်​လျင်​၊​ကျောက်​တန်းမြို့နယ်​များမှ လိုင်းကားများ
တခြားလမ်းမှပတ်မောင်းနေရ

သန်​လျင်​ ၊ ​အောက်​တိုဘာ ၁၇

ရန်​ကုန်​-သန်​လျင်​တံတား​ပေါ်မှာ ဒီက​နေ့နံနက်
၅နာရီဝန်းကျင်​ခန့်​ကတည်းက YBS ၃၁ ယာဉ်
တစ်​စီးစက်​ချို့ယွင်းပြီး
ရပ်​တန့်​သွားတာ​ကြောင့်​ ခရမ်း၊သုံးခွ၊
သန်​လျင်​၊​ကျောက်​တန်းမြို့နယ်​များမှ
 လိုင်းကားများအားလုံးဟာပြန်​လှည့်​ပြီး
 ကုလားဝဲတံတားဘက်​မှ
ပတ်​​မောင်း​နေကြရပါတယ်​။

ပတ်​ပြီးသွားရတဲ့ သီလဝါလမ်းတစ်​​လျှောက်​မှာလည်း ယခင်
သွား​နေကြ ကုန်​တင်​ယာဉ်​ကြီးများနဲ့ ပြန်​လှည့်​​မောင်းရတဲ့
လိုင်းကား၊ကိုယ်​ပိုင်​ယာဉ်​များ များပြားတာ​ကြောင့်
ယာဉ်​​ကြောပိတ်​ဆို့မှုဖြစ်​​ပေါ်​နေပါတယ်​။

ရန်​ကုန်​-သန်​လျင်​တံတား​ဟာ တစ်​လမ်းသွားစီဖြစ်​ပြီး ယာဉ်​တစ်​စီးစာ လမ်းအကျယ်​သာရှိတာမို့
ယာဉ်​ငယ်​​တွေပျက်​ရင်​ ဆွဲသွားလို့အဆင်​​ပြေ​ပေမယ့်​ လိုင်းကားကျ အဆင်​မ​ပြေလို့
အခုလိုပိတ်​ဆို့ကုန်​တာဖြစ်​တယ်​လို့ YBS ၃၁
 ယာဉ်​လိုင်း​ပေါ်မှ ယာဉ်​အကူတစ်​​ယောက်​က
ပြောပါတယ်​။

PHA
Source; Popular News

No comments

Note: Only a member of this blog may post a comment.