Header Ads

ဗုံးဟု ယူဆရသည့် ပစ္စည်းများ လွန်ခဲ့သောနာရီပိုင်းအတွင်းက တွေ့ရှိကြောင်း ဖော်ပြထားသည့်akonthi သတင်းမှန်ကန်မှုမရှိ

လူမှုကွန်ယက်(Face Book) ပေါ်တွင်
အကုန်သိ (Akon Thi) Digital
သတင်းဌာနမှ မင်းရဲကျော်စွာလမ်း၊ ဗဟိုစည်အိမ်ရာဝင်းအတွင်း၌ ဗုံးဟု
ယူဆရသည့် ပစ္စည်းများ လွန်ခဲ့သောနာရီပိုင်းအတွင်းက တွေ့ရှိကြောင်း
ဖော်ပြထားသည့် သတင်းမှန်ကန်မှုမရှိ

ရန်ကုန်၊ နိုဝင်ဘာ ၎


နိုဝင်ဘာ ၄ ရက် နေ့လည် ၃ နာရီခွဲအချိန်ခန့်တွင် လမ်းမတော်မြို့နယ်၊
မင်းရဲကျော်စွာလမ်း၊ ဗဟိုစည်အိမ်ရာဝင်းအတွင်း၌ ဗုံးဟုယူဆရသည့်
ပစ္စည်းများ လွန်ခဲ့သောနာရီပိုင်းအတွင်းက တွေ့ရှိကြောင်း လူမှုကွန်ယက်
(Face Book) ပေါ်တွင် အကုန်သိ (Akon Thi) Digital သတင်းဌာနမှ
ဖော်ပြထားခဲ့သည်။

အဆိုပါ သတင်းအား လမ်းမတော်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့်
အမှတ်(၁၀)ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပါဝင်သည့်အဖွဲ့က သွားရောက်
အတည်ပြုစစ်ဆေးဆောင်ရွက်ခဲ့ရာ ဗဟိုစည်အိမ်ရာဝင်းအတွင်း ဗုံးဟု
ယူဆရသည့် မသင်္ကာဖွယ် ပစ္စည်းတစ်စုံတစ်ရာမှ စစ်ဆေးတွေ့ရှိခြင်း
မရှိခဲ့ပါကြောင်းနှင့် လူမှုကွန်ယက် (Face Book) ပေါ်တွင်
အကုန်သိ (Akon Thi) Digital သတင်းဌာနမှ ဖော်ပြထားခဲ့သည့်
သတင်းမှာ မှန်ကန်မှုမရှိကြောင်း အသိပေးဖော်ပြအပ်ပါသည်။

Source; Yangon Police
Photi; akonthi(Medi Hoo)

No comments

Note: Only a member of this blog may post a comment.