ဦးပါမောက္ခကို ဖမ်းဆီး၍ လူဝတ်လဲ
📷 မြတ်ဟိန်းကျော်(ကော့မူး) 📷
FREELANCE JOURNALIST
🔜🔜နေ့စဉ်သတင်းထူးများစုစည်းတင်ပြမူ့🔜🔜
ဦးပါမောက္ခကို ဖမ်းဆီး၍ လူဝတ်လဲ
ရန်ကုန်၊ နိုဝင်ဘာ ၁၂
မကွေးကျောင်းဆရာတော် ဦးပါမောက္ခကို
မြောက်ဒဂုံရဲစခန်းက ယနေ့ (နိုဝင်ဘာ ၁၂ ရက်)
မွန်းလွဲပိုင်းတွင်ထိန်းသိမ်း၍ ရန်ကုန်တိုင်း သံဃာနာယက အဖွဲ့ရုံးသို့ခေါ်
ဆောာင်ကာ လူဝတ်လဲလိုက်ပြီဖြစ်သည်။
မဘသ အဖွဲ့၏ ဦးဆောင်ဆရာတော်ဟောင်းဖြစ်ခဲ့သူ ဦးပါမောက္ခမှာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စည်ပင်သာယာရေး ကော်မတီရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ရန် လယ်သမား ဦးအောင်စီနှင့်အတူ
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ရဲတပ်ဖွဲ့စခန်းသို့
ခွင့်ပြုချက် သွားရောက်လျှောက်ထားရာမှ
ဆရာတော်ကို ကမာရွက်တရားရုံးမှ ပုဒ်မ- ၅၀၅(ခ)ဖြင့် ဖမ်းဝရမ်း ထုတ်ထားသဖြင့် ရဲတပ်ဖွဲ့ဖမ်းဆီးခွင့် ရှိသည်ဟုဆိုကာ ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးထုတ်ပြန်ချက်တွင်
ရိုဟင်ဂျာလူမှုအသိုက်အဝန်းဟု သုံးနှုန်းဖော်ပြခဲ့သည့်အပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြပွဲကို
ယင်းနှစ်ဧပြီလ ၂၈ ရက် နေ့တွင်
အမေရိကန်သံရုံးရှေ့၌ ဆန္ဒပြခဲ့ရာ
မကွေးကျောင်းဆရာတော် ဥူးပါမောက္ခ၊
မျိုးချစ်ရဟန်းတော်များ သမဂ္ဂဥက္ကဋ္ဌ ဥူးဉာဏဓမ္မ၊
အတွင်းရေးမှူး ဥူးသုစိတ္တ အပါအဝင် အမျိုးသားရေး
တက်ကြွလှုပ်ရှားသူလေးဦး တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
အမျိုးသားရေး တက်ကြွလှုပ်ရှားသူ လေးဦးဖြစ်သော
ကိုဝင်းကိုကိုလတ်၊ ကိုနောင်တော်လေး(ခ)နိုင်ဝင်းထွန်း၊ ကိုသက်မျိုးဦးနှင့် ကိုနေဝင်းအောင်တို့ကို ကမာရွတ် တရားရုံးက စက်တင်ဘာလ ၂၈ ရက်တွင်
အလုပ်နှင့်ထောင်ဒဏ် ၇ လစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
J-14
Source ; The Voice

Post a Comment