Header Ads

မြန်မာနိုင်ငံမှဘင်္ဂလီများကို လက်ခံလိုက်ခြင်းမှာ ချောင်းကိုဖောက်၍ မီးကျောင်းကိုယူဆောင်လာသကဲ့သို့ ဖြစ်နေပြီဖြစ်ကြောင်း ကော့စ်ဘဇားနယူးတွင်ရေးသားဖော်ပြ

မြန်မာနိုင်ငံမှဘင်္ဂလီများကို လက်ခံလိုက်ခြင်းမှာ ချောင်းကိုဖောက်၍ မီးကျောင်းကိုယူဆောင်လာသကဲ့သို့ ဖြစ်နေပြီဖြစ်ကြောင်းကော့စ်ဘဇားနယူးတွင်ရေးသားဖော်ပြ

နိရဉ္စရာ၊ နိုဝင်ဘာ ၁

မြန်မာနိုင်ငံမှ ဘင်္ဂလီမူဆလင်များ(သူတို့ အခေါ် ရိုဟင်ဂျာများ) ကို ဘင်္ဂလာဒေ့ရှ် နိုင်ငံ အနေဖြင့် လက်ခံခဲ့ခြင်းမှာ ချောင်းကိုဖောက်ပြီး မီးကျောင်းကို ယူဆောင်လာသည်ထက်ဆိုးရွားနေပြီ ဖြစ်ကြောင်း သတင်းစာ ဆရာ ဆော့ယော့မူဟာမတ်ချာကီက ကော့စ်ဘဇားနယူးတွင်
আশ্রিত রোহিঙ্গারা হিংস্র হয়ে উঠছে ခေါင်းစဉ်ဖြင့် ယနေ့ နိုဝင်ဘာ တစ်ရက်နေ့တွင် သတင်း ရေးသားဖော်ပြသည်။

ဘင်္ဂလာဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခါဆီးနာမှ မြန်မာနိုင်ငံတွင် နှိပ်စက် ညှဉ်းပမ်းခံရသဖြင့် ကိုယ်ချင်းစာ သနားဂရုဏာသက်ပြီး မြန်မာနိုင်ငံမှ ဘင်္ဂလီများကို လက်ခံလိုက်ရာ အခုအခါ ၎င်းကျေးဇူးကို မထောက်ဘဲ မကောင်းလုပ်ငန်းဟူသမျှကို လုပ်ဆောင်နေကြောင်း ၎င်းသတင်းတွင်ဖော်ပြသည်။


မြန်မာနိုင်ငံမှ ရောက်ရှိလာသည့်
ဘင်္ဂလီ ဒုက္ခသည်ဆိုသူများသည်
ဘင်္ဂလာဒေ့ရှ်ဘက်ခြမ်းတွင် ဓါးပြတိုက်ခြင်း၊
လူသတ်ခြင်း၊ မူးယစ်ဆေးမှောင်ခိုလုပ်ခြင်း၊
လူကုန်ကူးခြင်း၊ အချင်းချင်း လုယက်ခြင်း၊
ခိုးခြင်း စသည့် မကောင်းမှု လုပ်ရပ်ဟူသမျှကို
တစ်ခုပြီး တစ်ခု
ကျူးလွန်နေကြသည်ဟုဆိုသည်။

သူတို့၏ အပြုအမူမှာ တစ်လအတွင်း
အရောင်ပြောင်းလာခဲ့ပြီ ဖြစ်ကြောင်း၊
လွန်ခဲ့သော တစ်လအတွင်းတွင်လည်း
 ရေတွက် မရသော ရိုက်မှု၊ သတ်မှုစသည့်
 ပြသနာများ ဖြစ်ပွားခဲ့ကြောင်း၊ ယခုအခါ ဒေအတွင်း ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေကြသည့်
ဘင်္ဂလာဒေ့ရှ်နိုင်ငံသားများလည်း
 အထူး စိုးရိမ်ကြောက်လန့်နေကြောင်း၊
တောတောင်ကိုတက်ပြီး လုပ်ကိုင်စားသောက်ရာတွင်လည်း ရန်ပြုခံရမှုများ ရှိနေကြောင်း၊
၎င်းတို့ ခိုလုံနေထိုင်ရာ စခန်းများတွင်
လုပ်သေနတ်များ၊ နိုင်ငံခြား လုပ်သေနတ်များလည်း
 ရှိကြောင်း၊ ဒေသခံ ပြည်သူများသာမက လုံခြုံရေး ယူထားသောရဲတပ်ဖွဲ့ဝင်များလည်း
အထူးစိုးရိမ်နေကြောင်း ရေးသား ဖော်ပြထားသည်။

၎င်းမြန်မာနိုင်ငံမှ ၀င်ရောက်ခိုလုံလာသူများ၏
လုပ်ရပ်များမှာ အထူးအရှက်ရစရာဖြစ်နေပြီ
ဖြစ်ကြောင်းဖြင့်လည်း သတင်းစာဆရာက
ရေးသားသည်။

မြန်မာနိုင်ငံမှ ၀င်ရောက်လာသူများအတွက်
 သနားဂရုဏာသက်ကြသဖြင့် နေရာအမျိုးမျိုး
အဖွဲ့အစည်းအမျိုးမျိုးမှ ရိက္ခာပစ္စည်းများ
ထောက်ပံ့ပေးကြရာ အခုအခါ ရိက္ခာပစ္စည်းများမှာ သုံး၍ မကုန်အောင်ထိ အထူးပိုလျှံနေပြီး
အပြင်ဈေးများတွင် ရောင်းချမှုများ ရှိနေကြောင်း၊
၎င်းပစ္စည်းများကိုလည်း အချင်းချင်အကြား
လုယက်ကြကြောင်း၊ ခိုးယူကြကြောင်း၊
တစ်ဦးနှင့် တစ်ဦး ရန်ဖြစ်ကြကြောင်း၊
ရိုက်နှက်ထိုးကြိတ်ကြကြောင်း၊
ယခုလုပ်ရပ်များကြောင့် ဘင်္ဂလာဒေ့ရှ် ဒေသခံများမှာ ယူကြုံးမရ ဖြစ်နေကြကြောင်း သတင်းက
ဆက်လက်ရေးသားသည်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားခရိုင် အိုကီးယားနှင့် တက်ကနက်မြို့နယ်တွင် မြန်မာနိုင်ငံမှ ထွက်ပြေးလာသူ ဘင်္ဂလီများဖြင့် ပြည့်နှက်နေပြီး လူတိုင်း လူတိုင်း
လုံခြုံရေးကို စိုးရိမ် နေကြရသည့် အဆင့်သို့
ရောက်ရှိနေသည်ဟုလည်း သတင်းတွင်ဖော်ပြသည်။

ယခုလုပ်ရပ်များကြောင်း ဒေသခံပြည်သူများမှာ
အနာဂတ် အတွက် အထူး စိုးရိမ်နေကြကြောင်း၊
ဒုက္ခသည်များကို လက်ခံထားခြင်း ဖြင့် မည်ကဲ့သို့
ပြသနာများ ပေါ်ပေါက်လာမည်ကို ဒေသခံ
ဘင်္ဂလာဒေ့ရှ် လူထုမှာ စဉ်းစား၍ပင်
 မရဖြစ်နေကြောင်းဖြင့် သတင်းတွင်
ရေးသားထားသည်။

ဓာတ်ပုံ- သတင်းတွင် ဖော်ပြထားသည့်မြန်မာမှ
ဘင်္ဂလီ ဒုက္ခသည်များ အချင်းချင်းရိုက်ပုတ်နေကြပုံ

(အောက်ပါလင့်တွင် ရေးသားထားသော သတင်းကို အတိုချုပ်ဘာသာပြန်သည်။)

မူရင်းလင့်
Source; ဘက်မလိုက်သတင်းဂျာနယ်


No comments

Note: Only a member of this blog may post a comment.