ခွင့်ပြုမိန့်မတင်၍ဟု ဆိုကာ အင်းစိန်မြို့နယ်ရှိ စာပေဟောပြောပွဲ ဖျက်သိမ်းခဲ့ရမှုအား စာရေးဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ)က လက်ရှိအစိုးရအနေဖြင့် သတ္တိနည်းသွားကြောင်း ဝေဖန်လိုက်သည်။
ခွင့်ပြုမိန့်မတင်၍ဟု ဆိုကာ အင်းစိန်မြို့နယ်ရှိ စာပေဟောပြောပွဲ ဖျက်သိမ်းခဲ့ရမှုအား စာရေးဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ)က လက်ရှိအစိုးရအနေဖြင့် သတ္တိနည်းသွားကြောင်းဝေဖန်လိုက်သည်။
____________________________
နိုဝင်ဘာ ၈
"အရင်တုန်းက ၊ NLD အစိုးရပေါ့နော်အခု ။ အရင်တုန်းကဒီလူတွေဟာ မိုးထဲရေထဲမှာ မတရားမှုကို အံတုလာခဲ့တဲ့သူတွေပေါ့လေ။ အခုချိန်မှာ ဘာလို့သတ္တိနည်းသွားတာလည်း မသိဘူး။ ပစ်ရမှာလည်းအဆီနဲ့တဝင်းဝင်းဖြစ်နေလို့လားမသိဘူးလို့ပဲ နောက်ဆုံးပြောပါရစေ ဒီလောက်ပါပဲနော်"ဟု
စာရေးဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ)ကဝေဖန်ပြောဆိုလိုက်သည်။
စာပေဟောပြောပွဲကို လာမည့်တနင်္ဂနွေနေ့ ယခုလ နိုဝင်ဘာ ၁၂ရက်နေ့ ညနေ၇နာရီတွင် ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်ပြီး ဟောပြောပွဲကျင်းပရန် ခွင့်ပြုမိန့်ကို
တစ်လကြိုမတင်ခဲ့သောကြောင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ခွင့်မပြုခဲ့ခြင်း ဖြစ်သည်။
အဆိုပါဟောပြောပွဲစီစဉ်သူများမှာ အင်းစိန်မြို့နယ်မှ စာပေဝါသနာရှင်များဖြစ်ကြပြီး စာရေးဆရာမ
သာယာဝတီ(စမ်းစမ်းနွဲ့)နှင့် မိုးလေဝသပညာရှင်
ဒေါက်တာထွန်းလွင်တို့ ဟောပြောမည်ဖြစ်သည်။
တစ်လကြိုတင်ပြီး ခွင့်ပြုမိန့်တင်ရန်ပျက်ကွက်ခဲ့မှုကို
နှစ်ဘက်ညှိနှိုင်း၍ အဆင်ပြေအောင်
ဆောင်ရွက်နိုင်သော်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ ညှိနှိုင်းမရကြောင်း
စာရေးဆရာမ သာယာဝတီ(စမ်းစမ်းနွဲ့)က
ဆက်လက်ပြောသည်။
"ဘယ်လိုခေါင်းစဉ်နဲ့ဟောပြောမလဲဆိုတာ ဟောပြောပွဲရက်တောင်မသေချာသေး
တော့မစဉ်းစားရသေးပါဘူး။ ကျွန်မတို့ကတော့ ဒီဘက်ပိုင်းမှာ စာရေးဆရာ စာပေအကြောင်းပဲ ဟောမှာပေါ့။ စာပေဆိုတာလည်း နိုင်ငံ့အရေးတွေ ပါတာပေါ့နော်"ဟု စမ်းစမ်းနွဲ့(သာယာဝတီ)က ပြောသည်။
ဒေါက်တာထွန်းလွင်ကဟောပြောပွဲခွင့်ပြုချက်မရ၍
ဖျက်သိမ်းလိုက်ကြောင်းကို
ပွဲစီစဉ်သူကပြောကြား၍သာ သိရသဖြင့်
အကြောင်းအရင်းအား မသိရကြောင်း ပြောသည်။
"ကျွန်တော့်ဘာသာရပ်ပေါ့။ ကျွန်တော်ကမိုးလေဝသပဲ ဟောတာကို။ မသိဘူးဗျာ အဲဒါတော့ ကျန်တဲ့သူတွေကို"ဟု မိုးလေဝသပညာရှင်ဦးထွန်းလွင်က ပြောသည်။
ထို့အပြင် ယခင် ဒီမိုကရေစီ အစိုးရလက်ထက်၌
သရက်မြို့တွင်ပြုလုပ်မည့် ကာတွန်းဆရာအော်ပီကျယ်၊ ယခုတောင်တွင်းကြီးလွှတ်တော်ကိုယ်စားလှယ်
ဦးအောင်ကြည်ညွှန့်နှင့် ဦးထွန်းလွင်တို့ပါဝင်သည့်
စာပေဟောပြောပွဲတစ်ခုကိုကိုလည်း ခွင့်ပြုချက်မရရှိ၍ ဖျက်သိမ်းခံခဲ့ဖူးသည်ဟု ဦးထွန်းလွင်က
ဖေ့ဘွတ်စာမျက်နှာတွင် ယနေ့ မနက်ပိုင်းက
ရေးသားထားသည်။
“ ဒီတစ်ခါတော့ အင်းစိန်မှာ၊ ကျွန်တော်ရယ် ဆရာမကြီး စမ်းစမ်းနွဲ့(သာယာဝတီ)ရယ်။ ပရိသတ်က
တောင့်တနေကြလို့ပါ ဆရာကြီးလို့ ဖိတ်တဲ့သူကပြောဖိတ်လို့ ၊ နေမကောင်းတဲ့ကြားက ရှိတဲ့ ရိုးတွင်းချဉ်ဆီထဲက အားလေးညှစ်ပြီး ဟောလိုက်၊ပြောလိုက်မဟဲ့လို့ အားတင်းထားခဲ့တဲ့ပွဲလေးမို့ နှမျောလှသဗျာ” ဟု
ဒေါက်တာ ထွန်းလွင်က ရေးသားထားခြင်း ဖြစ်သည်။
ယခင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
တာဝန်ယူထားသည့် အစိုးရလက်ထက်၌
ပခုက္ကူမြို့ရှိ စာပေဟောပြောပွဲ၊ ပခုက္ကူအနီးရှိ
ဟောပြောပွဲများကို ခွင့်ပြုချက်မရရှိခြင်း၊
ဟောပြောပွဲပြုလုပ်သူများကို အရေးယူခြင်းများကို
ကြုံ့တွေ့ဖူးပြီး ဟောပြောပွဲအတွင်း နာမည်၊မှတ်ပုံတင်အစရှိ ကိုယ်ရေး အချက်အလက် များကို လိုက်လံစုံစမ်းခံရခြင်းများလည်း ကြုံဖူးကြောင်း
စာရေးဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ)က
သူ့အတွေ့အကြုံအား ပြောသည်။
ထိုကဲ့သို့ ဟောပြောပွဲကျင်းပခြင်းများနှင့်ပတ်သတ်၍ ၂၀၁၂ ရပ်/ကျေး ဥပဒေ အခန်း(၇)အုပ်ချုပ်ရေးမှူး၏
လုပ်ငန်းတာဝန်များ ပုဒ်မ(၁၃) အပိုဒ်ခွဲ(စ) တွင်
ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးပြည်နယ်
အစိုးရ နေပြည်တောင်ကောင်စီနှင့်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့
တို့မှ တာဝန်ပေး၊ ဦးစီးကျင်းပသည့် ပွဲများမှ အပ
အခြားသော အခမ်းအနားများ၊ ပွဲများ သက်ဆိုင်ရာ
အုပ်ချုပ်ရေးမှူးထံ တင်ပြရမည်ဖြစ်ပြီး
သတ်မှတ်စည်းကမ်းချက်အား မလိုက်နာလျှင် အရေးယူရန်ဟု ဖော်ပြထားသည်။
စာရေးဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ)သည်
ခေါက်ထီးလေး မလုံတလုံစာအုပ်အပါအ၀င်
စာအုပ်များစွာကို ရေးသားခဲ့ကာ စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုများ
ကြောင့် ၁၉၉၄ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ ၇ နှစ် ထောင်ချခံခဲ့ရပြီး ၂၀၀၁ ခုနှစ်တွင် ရွှေကလောင်ရှင်ဆု ရရှိခဲ့သူ ဖြစ်သည်။
Source; Mizzima News

Post a Comment