Header Ads

ဒေါ်အောင်ဆန်းစုကြည်နဲ့ ရခိုင်အမျိုးသားပါတီ တွေ့ဆုံဖို့ မရှိဟု( ANP) ဥက္ကဋ္ဌဒေါက်တာအေးမောင်ပြော

ဒေါ်အောင်ဆန်းစုကြည်နဲ့ ရခိုင်အမျိုးသားပါတီ တွေ့ဆုံဖို့ မရှိဟု( ANP)
ဥက္ကဋ္ဌဒေါက်တာအေးမောင်ပြော
_________________________________________

ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
နဲ့ ရခိုင်အမျိုးသားပါတီ တွေ့ဆုံဖို့ မရှိဘူးလို့ အဲ့ဒီပါတီရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာ အေးမောင်က MCN သတင်းဌာနကိုပြောပါတယ်။


နိုဝင်ဘာလ ၂ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း တွေ့ဆုံဖို့ ရှိ မရှိ ဆက်သွယ်မေးမြန်းရာမှာ ဒေါက်တာအေးမောင်က အဲ့ဒီလိုပြောကြားလိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ ရခိုင်အမျိုးသားပါတီရဲ့ အသံကို နားထောင်လေ့ မရှိတာကြောင့် ဒီခရီးမှာလည်း တွေ့ဆုံဖို့ မဖြစ်နိုင်ဘူးလို့လည်း ဒေါက်တာအေးမောင်က ပြောပါတယ်။

Source; MCNTV

No comments

Note: Only a member of this blog may post a comment.