Header Ads

NLD ပါတီကိုထိခိုက်ပါက အရေးယူမည်ဟု ဗြောင်ထုတ်ပြောရန်သာကျန်ရှိတော့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို NDF ပါတီဝေဖန်

NLD ပါတီကိုထိခိုက်ပါက အရေးယူမည်ဟု
ဗြောင်ထုတ်ပြောရန်သာကျန်ရှိတော့ကြောင်း
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို
 NDF ပါတီဝေဖန်

November 6, 2017


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် NLD ပါတီကို ထိခိုက်ပါက အရေးယူမည်ဟု ထုတ်ပြောရန်သာ ကျန်ရှိတော့ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက
 အကုန်သိသတင်းဌာနသို့ နိုဝင်ဘာ ၅ ရက်တွင်
ပြောသည်။

အခြားပါတီနှင့် အဖွဲ့အစည်းများအပေါ် အထောက်အထားမဲ့ ပြောဆိုဝေဖန်ထုတ်ပြန်ချက်များကို အရေးယူသွားမည်ဖြစ်ကြောင်း နိုဝင်ဘာလဆန်းပိုင်းက
ပြောကြားခဲ့သည့်ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၏ပြောကြားချက်ကို
 ဦးခင်မောင်ဆွေက ဝေဖန်ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။ “ ကြေညာချက်ထုတ်တယ်။ ထုတ်ပြန်ချက်ထုတ်တဲ့ နိုင်ငံရေးပါတီက လက်တစ်ဆုပ်စာပဲ။ ပါတီပေါင်း ၉၀ ကျော်ထဲမှာ ရှိပါတယ်။ ကျွန်တော်တို့ ပါတီက
ထုတ်ပြန်ကြေညာချက်တွေကလည်း
ပြည်သူနဲ့ တိုင်းပြည်အတွက်
ကန့်ကွက်ထောက်ပြရမယ့် အရာတွေကိုပဲ
ထုတ်ပြန်တာပါ။ ဒါကိုမှ နိုင်ငံရေးပါတီတွေရဲ့ လွတ်လပ်ခွင့်ကို ဒီမိုကရေစီသွားနေတဲ့ အစိုးရက ထိန်းကျောင်းဖို့ လုပ်တယ်လို့ပဲ ယူဆပါတယ်ဗျာ။ ကော်မရှင်ကတော့ သူ့လုပ်ပိုင်ခွင့်ထက်ပိုလုပ်လာပြီလို့ပြောချင်ပါတယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။
လက်ရှိမြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်ရှိကြောင်း၊ ပါတီဝင် အင်အားစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာလနောက်ဆုံးထား တောင်းခံထားပြီး သတ်မှတ်ပါတီဝင်ဦးရေ မပြည့်မီသည့် နိုင်ငံရေးပါတီများကို ဖျက်သိမ်းသွားမည်ဖြစ်ကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ
 ဦးလှသိန်းက ပြောကြားထားသည်။

NLD ပါတီ အတိုက်အခံဘဝတွင် မိမိတို့ပါတီမှ လက်တွဲခေါ်ယူခဲ့ကြောင်း၊ ယခု မိမိတို့ပါတီ အတိုက်အခံလုပ်ကာပြောဆိုဝေဖန်ထောက်ပြမှုများမှာ
 ဟန့်တားခံရကြောင်း၊ အသံများ ပိတ်ပင်ခံနေရပြီး
 ယင်းအခြေအနေအတိုင်းဆက်သွားပါက
ဒီမိုကရေစီပျက်သုန်းသွားမည်ဖြစ်ကြောင်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးနန္ဒာလှမြင့်ကလည်း ပြောသည်။

crd#အကုန်သိ

No comments

Note: Only a member of this blog may post a comment.