Header Ads

ရပ်ကျေးရွေးကောက်ပွဲနဲ့ ပက်သက်ပြီး ကြားနေရတဲ့ သတင်းများး

💢 ရပ်ကျေးရွေးကောက်ပွဲနဲ့ ပက်သက်ပြီး ကြားနေရတဲ့ သတင်းများး

နဲ့ပက်သက် ပြီး သတင်းမီဒီယာ မိတ်ဆွေများအနေဖြင့် ၀ိုင်းဝန်းကူညီ သတင်းရယူပေးပြီး ပြည်သူများကို
 ကူညီကြပါရန် မေတ္တာရပ်ခံပါတယ်။

* ၂၀၁၇ ဒီဇင်ဘာ လ ၃၀ နောက်ဆုံးရွေးရန်။
* ၂၀၁၇ နိုဝင်ဘာ အပြီးရွေးရန်။
* ၂၀၁၇ ဒီဇင်ဘာမှာ စတင်ပြီး ၂၀၁၈ မတ်လ နောက်ဆုံးရွေးရန်။
*၂၀၁၆ ဧပြီ နောက်ပိုင်းရွေးထားသူများပြန်ရွေးစရာမလို။
* ရပ်ကျေး နည်းဥပဒေ ထွက်ပြီ ။


စတဲ့ သတင်းတွေဖြစ်ပါတယ်။ အခြား ကြားနေရတာလဲရှိပါမယ်။ မှန်ချင်မှလဲမှန်ပါမယ်။ မှန်တယ်မှားတယ်
 ဘယ်သူ့ ဆီက အတည်ယူရမယ်လဲ မသေချာပါဘူး။  သေချာတာကတော့ တိကျရေရာတဲ့
သတင်းထုတ်ပြန်ချက်ကို သတင်းရင်းမြစ်တစ်ခုထဲက ရနေကြတာ မဟုတ်တာပါ ။
သမ္မတရုံးက ညွှန်ကြားတယ်ပြောတော့
သမ္မတရုံးကို အဓိက စောင့်ဆိုင်းရမှာလား၊
သက်ဆိုင်ရာပြည်ထဲရေးက ညွှန်ကြားချက်ပဲ
စောင့်ရမလား။

သတင်းရင်းမြစ်များပြားပြီး ကောလဟာလ
သဏ္ဍာန်သတင်းတွေများလာရင် ရပ်ရွာတွေအတွက်
မကောင်းပါ။

ရပ်ရွာတွေက အဓိက သိချင်နေကြတာက

🤔 ဘာကြောင့် ပြန်ရွေးရတာလဲ။
🤔 အခု လက်ရှိရွေးကောက်ခံပြီး တာဝန်ထမ်းဆောင်ဆဲ တွေ ပြန်ရွေးကောက်ခံလို့ ရပါသလား။
🤔 ရွေးကောက်ပွဲ လုပ်မှာ သေချာသလား၊ သေချာတယ်ဆို ဘယ်တော့ စတင်ရမလဲ။ ဘယ်တော့ နောက်ဆုံးလဲ။
🤔 ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်း ၊ နည်းဥပဒေ ထွက်ရှိပြီလား။
🤔 အရပ်ဘက်အဖွဲ့ အစည်းတွေရဲ့ရွေးကောက်ပွဲ
 စောင့်ကြည့်ရေး လုပ်ငန်းစဉ် အပေါ် ကြိုဆိုမှု ရှိမရှိ။
🤔 ဥပဒေ အသစ်အရ ရွေးကောက်ပွဲအဆင့် တွေက
ရှုပ်ထွေးလှပါတယ်။ မဲဆန္ဒရှင်ပညာပေးရေး လုပ်ငန်း ဘယ်လို လုပ်ကြမှာလဲ။

စတဲ့ မေးခွန်းတွေဖြစ်ပါတယ်။

ဝိုင်းဝန်းကူညီ သတင်းရေးပေးကြပါဦးနော်။

ရပ်ကျေးဥပဒေဆိုင်ရာ အရပ်ဘက်အဖွဲ့ အစည်း ပူးပေါင်းအဖွဲ့ကို ဆက်သွယ်လိုရင် =
https://www.facebook.com/groups/165490260489294/
https://www.facebook.com/ရပ်ကျေး-အုပ်ချုပ်ရေး-1014332961976265/
#credit;  ရပ်ကျေးအုပ်ချုပ်ရေး

No comments

Note: Only a member of this blog may post a comment.