Header Ads

သားအဖချင်းစကားများရာမှ သားက ဖအေကို ဓားနဲ့ခုတ်လို့ ဖအေသေ

သားအဖချင်းစကားများရာမှ သားက ဖအေကို ဓားနဲ့ခုတ်လို့ ဖအေသေ

မကွေး၊ နိုဝင်ဘာ ၂၀


ယမန်နေ့ ည ၁၀ နာရီ ခွဲခန့်က မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ မြောက်မကျင်းကျေးရွာတွင် လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရ ကျောက်ထုနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးမောင်နီ(၅၅)နှစ်နှင့် သားဖြစ်သူ ဝေယံစိုး(၁၉ နှစ်)တို့ မိသားစုကိစ္စဖြင့် စကားများရန်ဖြစ်စဉ် သားဖြစ်သူ က အရိုးအသွား(၂၂)လက်မခန့်ရှိ ဓားမဖြင့်ခုတ်ရာ ဦးမောင်နီ တွင် ဒဏ်ရာများရရှိသေဆုံးသွားသဖြင့် အရေးယူပေးရန်တိုင်တန်းချက်အရ ဝေယံစိုး အား ကျောက်ထုနယ်မြေရဲစခန်း(ပ)၃၀၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

PN
Source; Popular

No comments

Note: Only a member of this blog may post a comment.