ရပ်/ကျေးအုပ်ချုပ်ရေးမူးရွှေးချယ်ခြင်း
📷 မြတ်ဟိန်းကျော်(ကော့မူး) 📷
FREELANCE JOURNALIST
🔜🔜နေ့စဉ်သတင်းထူးများစုစည်းတင်ပြမူ့🔜🔜
ရပ်/ကျေးအုပ်ချုပ်ရေးမူးရွှေးချယ်ခြင်း
နိုဝင်ဘာ ၁၀
မဲသုံးကြိမ်ပေးရမည်၊ ဆယ်အိမ်မှူး ရွေးချိန်မှာ တစ်ကြိမ်၊ ရာအိမ်မှူ ရွေးချိန်မှာ တစ်ကြိမ်၊ အုပ်ချူ ပ်ရေးမှူး ရွေးချိန်မှာ တစ်ကြိမ်
ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရေး ပြင်ဆင်သည့် ဥပဒေ(၂၀၁၇)
အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်များဖြစ်သော ပြည်သူများက အုပ်ချုပ်ရေးမှူးများအား စိတ်ကြိုက် ရွေးချယ်ပေးကြပါ။
၁။ မဲပေးမည့် မိဘပြည်သူများအတွက် အကျဉ်းချုပ်
အုပ်ချုပ်ရေးမှူးအား ရွေးချယ်ရာတွင် ယခင်အခါ ကဲ့သို့ ဆယ်အိမ်မှူးများမှတစ်ဆင့် မဲပေးရွေးချယ်ရမည်မဟုတ်ဘဲ
- အိမ်ထောင်စုစာရင်း (ပုံစံ ၆၆/၆) ရှိသူ ၁ အိမ်ထောင်လျှင် ၁ မဲဖြင့် အုပ်ချုပ်ရေးမှူးအား တိုက်ရိုက်ရွေးချယ်ရမည်။
- အိမ်ထောင်ဦးစီး မအားပါက အိမ်ထောင်စု စာရင်းတွင်ပါသူ အသက် (၁၈) နှစ် ပြည့်ပြီးသူ တစ်ဦးဦးအား ကိုယ်စား မဲပေးခိုင်း၍ ရပါသည်။
- ယာယီ အိမ်ထောင်စုစာရင်းဖြင့် မဲပေးခွင့်မရှိပါ။
- မဲ (၃) ကြိမ်ပေးရမည်။ (ဆယ်အိမ်မှူးအတွက် ၁ ကြိမ်၊ ရာအိမ်မှူးအတွက် ၁ ကြိမ်၊ အုပ်ချုပ်ရေးမှူးအတွက် ၁ ကြိမ်)
(ရပ်ကွက်သေးငယ်ပါက ရာအိမ်မှူး တစ်ဦးသာရှိသောကြောင့် ထိုရာအိမ်မှူးသည် အုပ်ချုပ်ရေးမှူး အလိုအလျောက် ဖြစ်သွားသဖြင့် ၂ ကြိမ်သာ မဲပေးရမည်။
-ရပ်ကွက်ကြီး (သို့မဟုတ်) ကျေးရွာအုပ်စုကြီး ဖြစ်ပါက ၃ ကြိမ် မဲပေးခြင်းသည် တစ်ရက်ထဲ ပြီးပြတ်မည်မဟုတ်၍ နောက်ရက် ထပ်မံ ချိန်းဆိုသည့်ရက်တွင် အုပ်ချုပ်ရေးမှူးအား မဲပေး ရွေးချယ်ရမည်။)
- မိမိက အုပ်ချုပ်ရေးမှူး ဖြစ်စေလိုသူသည် ဆယ်အိမ်မှူးအဖြစ် အရွေးချယ် "မခံရလျှင်" သော်လည်းကောင်း၊ ရာအိမ်မှူးအဖြစ် အရွေးချယ် "မခံရလျှင်" သော်လည်းကောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး "မဖြစ်နိုင်တော့"သည်ကို သတိထားစေချင်ပါသည်။
(ဆိုလိုသည်မှာ ထိုပုဂ္ဂိုလ်အား တစ်ရပ်ကွက်လုံးက သဘောကျ လိုလားနေသော်လည်း ၄င်းနေထိုင်ရာ (၁၀) အိမ်စုတွင်ဖြစ်စေ၊ ရာအိမ်စုတွင်ဖြစ်စေ မဲအများဆုံးမရပါက ရပ်ကွက်အုပ်ချုပ်ရေးမှူး မဖြစ်တော့ပါ။)
- သို့ဖြစ်၍ မည်သည့် (၁၀) အိမ်အား ဆယ်အိမ်စုအဖြစ် တွဲမည်ဆိုသည်မှာ အရေးကြီးပါသည်။ ဥပဒေအရ အစဉ်အတိုင်းမဟုတ်သော နေအိမ်များကို ကျော်ခွ၍ ဆယ်အိမ်စုတွဲ၍ မရပါ။
- ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲတွင် ဒိုင်အဖြစ် ဆောင်ရွက်မည့် "ကြီးကြပ်ရေးအဖွဲ့ဝင်များ" နှင့်ပတ်သက်၍ ကန့်ကွက်ရန် ခိုင်လုံသော အကြောင်းပြချက်ရှိလျှင်ဖြစ်စေ၊ (၁၀) အိမ်စု တွဲဖက်ခြင်း စာရင်းနှင့်ပတ်သက်၍ မတရားလုပ်ဆောင်ကြောင်း သိရပါကကြီးပ်ြရေးအဖွဲ့ကိုအကြောင်းကြားပါ။
- ရပ်ရွာ အကျိုးပြုနိုင်မည်ဟု ထင်မြင်သော ပုဂ္ဂိုလ်အား အုပ်ချုပ်ရေးမှူးအဖြစ် ဝင်ရောက် အရွေးချယ်ခံရန် တိုက်တွန်းပါ။
-ထိုပုဂ္ဂိုလ်အတွက် မဲဆွယ် စည်းရုံးပေးပါ။
- ရပ်ရွာဖွံ့ဖြိုးရေးနှင့် ရပ်ရွာ၏ အခင်းကြီးငယ် ကိစ္စများကို ဖြေရှင်းရန် အုပ်ချုပ်ရေးမှူးများက အဓိက တာဝန်ယူ လုပ်ဆောင်ရသဖြင့် မိမိ အိမ်၊ လမ်း၊ ရပ်ရွာ ဖွံ့ဖြိုးရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများသည် အရေးကြီးပါသည်။
သို့ဖြစ်ပါ၍ လက်ရှိ အုပ်ချုပ်ရေးမှူးအား ပြန်လည် တာဝန်ထမ်းဆောင်စေရန် (သို့မဟုတ်) အုပ်ချုပ်ရေးမှူး အသစ် တစ်ဦးဖြင့် အစားထိုးရန်
သင့်မိသားစု အတွက် - - -
မိမိ ကိုယ်တိုင် မဲပေးပါ၊
အိမ်နီးနားချင်းများကို မဲပေးရန် တိုက်တွန်းပါ။
၂။ အုပ်ချုပ်ရေးမှူး အရွေးချယ်ခံမည့်သူမျာအတွက်အကျဉ်းချုပ်
#လက်ရှိ အုပ်ချုပ်ရေးမှူးများ သာမက ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများပါ အားလုံး ရွေးကောက်ပွဲ ပြန်ဝင်ရမည်။
#အုပ်ချုပ်ရေးမှူး ဖြစ်ရန်အတွက် ဆယ်အိမ်မှူး အဖြစ် အရွေးချယ်ခံရရန် မဖြစ်မနေ လိုအပ်သလို (ထပ်မံ၍လည်း) ရာအိမ်မှူး အဖြစ် အရွေးချယ်ခံရရန် လိုအပ်သည်။
#ရာအိမ်မှူး အဖြစ် အရွေးချယ်ခံရသူသည် အုပ်ချုပ်ရေးမှူး မလုပ်လိုလျှင် ဝင်ရောက် အရွေးချယ် မခံလိုကြောင်း အသိပေးနိုင်ပါသည်။
#မိမိ အရွေးချယ်ခံလိုသည့် ရပ်ကွက်တွင် အနည်းဆုံး (၅) နှစ်ဆက်တိုက် နေထိုင်သူ ဖြစ်ရမည်။
#ယခင်က နေဖူးသည်ဆိုရုံဖြင့် မရပါ။ အရွေးချယ် ခံရသည့်နေ့တွင် အဆိုပါ ရပ်ကွက်တွင် အနည်းဆုံး (၅) နှစ် တစ်ဆက်တည်း နေထိုင်နေသူ ဖြစ်ရမည်။
(အငြိမ်းစား ဝန်ထမ်းဖြစ်ပါကကန့်သတ်ချက်အား (၂) နှစ်အထိ လျော့ပေါ့သည်။)
#ပညာအရည်အချင်း ကန့်သတ်ချက် မရှိပါ။
#မိမိသာမက မိဘ (၂) ပါးလုံးသည် နိုင်ငံသား ဖြစ်ရမည်။
#အသက် (၂၅) နှစ်ပြည့်လျှင် ဝင်ရောက် အရွေးချယ်ခံနိုင်သည်။
#လူငယ်များ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံရန် တိုက်တွန်းပါသည်။ သို့သော် လစာ (၇) သောင်းဖြင့် အချိန်ပြည့်နီးပါး တာဝန်ထမ်းရပါသည်။
#လူငယ်များအဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး တာဝန်သည် များပြားသဖြင့် မထမ်းဆောင်လိုပါကလည်း ဆယ်အိမ်မှူး၊ ရာအိမ်မှူး လုပ်လို့ရပါတယ်။ လစာတော့ မရပါ။
#အမှန်တကယ် အဂတိမလိုက်စားဘဲ ရပ်ရွာအကျိုး သယ်ပိုးသော်လည်း အခန့်မသင့်လျှင် အဆဲအဆိုပါ ခံရတတ်လို့ နေရာလိုချင်တာ တစ်ခုတည်းအတွက် ဝင်မပြိုင်သင့်ပါ။
#လက်ရှိ တာဝန်ထမ်းဆောင်ဆဲ အုပ်ချုပ်ရေးမှူးများသည် ဥပဒေအရ (၂) ကြိမ် အပြည့် တာဝန်ထမ်းဆောင်သည်ဟု မသတ်မှတ်သဖြင့် အားလုံး ပြန်လည် အရွေးချယ်ခံခွင့်ရှိသည်။
အားလုံးလည်း ပြန်လည် အရွေးခံလိုကြသည်ဟု ထင်ပါသည်။ အသစ် ဝင်ရွေးမည့်သူများ လက်ရှိ အုပ်ချုပ်ရေးမှူးများနှင့် မဲယှဉ်ပြိုင်ရဖို့ ဖြစ်နိုင်ချေ များသည်။
#ယခု အကြိမ် ရွေးကောက်ခြင်းသည်
#ယခင်ကထက် နှိုင်းယှဉ်လျှင် တိုက်ရိုက် မဲပေးသည့် စနစ်ဖြစ်၍ မဲပေးသူများ ပိုမို ကျယ်ပြန့်စွာ ပါဝင်နေခြင်း
#အများပြည်သူအား အသိပေး ပြင်ဆင်ချိန် တိုတောင်းခြင်း တို့ကြောင့်
#လူနေထူထပ်သော ရပ်ကွက်ကြီးများနှင့် ကျေးရွာ အုပ်စုများတွင် မမျှော်လင့်သောရလဒ်များ ဖြစ်ပေါ်တတ်ပါသည်။
#အကြုံပြုလိုသည်မှာ ဝင်ရောက်ယှဉ်ပြိုင်သူများထဲတွင် အခြား အရည်အချင်းများထက် မဲပေးရန် ရပ်ကွက်နေပြည်သူများအား လှုံ့ဆော် စည်းရုံးနိုင်သူကို ပြည်သူက တာဝန်ပေးလိမ့်မည်ဟု ထင်ပါသည်။
အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် ဆယ်အိမ်မှူးများ
အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်ဖြစ်သော ပြည်သူများ၏အဆုံးအဖြတ်ကိုခံယူကြရပါမည်
#credit; မူရင်း
Photo #crd

Post a Comment