Header Ads

သုံးခွမြို့နယ်တွင် မီးလောင်မှုဖြစ်

သုံးခွမြို့နယ်တွင် မီးလောင်မှုဖြစ်

ရန်ကုန်၊ နိုဝင်ဘာ ၎

နိုဝင်ဘာ ၄ ရက်နေ့
နံနက် ၀၃း၄၅ နာရီအချိန်တွင်
သုံးခွမြို့နယ်၊
(၄)ရပ်ကွက်၊ အောင်ဇေယျလမ်းရှိ
လက်ဘက်ရည်ဆိုင်တွင်
မီးလောင်မှုဖြစ်ပွားလျက်ရှိကြောင်းနှင့်
မီးလောင်ရာနေရာသို့ မီးသတ်ဦးစီးဌာနမှ
မီးသတ်ယာဉ်များနှင့် မီးသတ်တပ်ဖွဲ့ဝင် (၁၅)ဦး၊
သုံးခွမြို့နယ်ရဲတပ်ဖွဲ့ဝင်များတို့က
 ရောက်ရှိငြှိမ်း သတ်လျက်ရှိကြောင်း သိရသည်။


မီးလောင်မှုကြောင့် နံနက် ၀၄း၀၅ အချိန်ထိ
 နေအိမ် (၈)လုံးမီးလောင်
ပျက်စီးဆုံးရှုံးခဲ့ပြီး နီးစပ်ရာမြို့နယ်များမှ
မီးသတ်ယာဉ်များရောက်ရှိကာ
မီးငြှိမ်းသတ်လျက်ရှိကြောင်း သတင်းရရှိသည်။


Credit-Yangon Police
min zin than

No comments

Note: Only a member of this blog may post a comment.