Header Ads

နေအိမ်၌အိပ်နေသည့်အမျိုးသမီး အဓမ္မပြုကျင့်ခံရ

နေအိမ်၌အိပ်နေသည့်အမျိုးသမီး အဓမ္မပြုကျင့်ခံရ
-----------------------------------------------
ဟင်္သာတ၊ နိုဝင်ဘာ ၉

ဧရာဝတီတိုင်း ဒေသကြီး လေးမျက်နှာ မြို့နယ် ဆွဲပြားကုန်းအုပ်စု၊ ရှောက် ဣန်း ကျေးရွာနေ အမျိုးသမီးတစ်ဦးမှာ နေအိမ်၌ သမီးနှစ်ယောက်နှင့်အတူ အိပ်နေစဉ် အဓမ္မပြုကျင့်ခံရသဖြင့် အမှုဖွင့်ထားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။


ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်နေ့ ညက သမီးနှစ်ယောက်နှင့်အတူ အိပ်နေ သည့်အသက် ၃၆ နှစ်အရွယ်အမျိုးသမီး ကိုတာ့စ်ရွာတည်းနေအသက်၄၂နှစ်အရွယ် အမျိုးသားတစ်ဦးက နေအိမ်တံခါးဖွင့်တက် ၍ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း အမျိုးသမီး၏ ခင်ပွန်းသည် ရန်ကုန်မြို့၌ ယင်းရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှု ကျူးလွန်သည်ဟု စွပ်စွဲခံရသူ သန်းထွန်း ကြည်ကိုဖမ်းဆီး၍ လေးမျက်နှာမြို့မစခန်း က(ပ)၁၄၇/၂၀၁၇ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆/၄၅၆ ဖြင့် အမှုဇွင့်စစ်ဆေး နေကြောင်း ယင်းစခန်းထံမှ သိရသည်။

R-13
The voice သတင်းစာ
၁၀၊၁၁။ ၂၀၁၇

No comments

Note: Only a member of this blog may post a comment.