#ဒေါက်တာမာကျူ ရီ ရေးသားသည့်……… တိုင်းတစ်ပါးသားများကို ရုံးထိုင်ခွင့်ပေးသည့် ကမ္ဘာ့ပထမဆုံးလွှတ်တော်
#ဒေါက်တာမာကျူ ရီ ရေးသားသည့်………
တိုင်းတစ်ပါးသားများကို ရုံးထိုင်ခွင့်ပေးသည့် ကမ္ဘာ့ပထမဆုံးလွှတ်တော်
________________________________________
#copy
လွှတ်တော်ဆိုတာနိုင်ငံမှာ အမြင့်ဆုံးမဏ္ဍိုင်ဖြစ်ပြီး
နိုင်ငံတည်ဆောက်ရေး၊ လုံခြုံရေး၊ ကာကွယ်ရေး၊ နယ်နိမိတ် ရေး၊ ဘက်ဂျက်အရေးနဲ့ မဟာဗျူဟာ အရေးများအပါအဝင် အရေးပါတဲ့ အကြောင်းအရာများကို အမတ်များက ဆွေးနွေးဆုံးဖြတ်ပြီး ဥပဒေပြုပေးရတဲ့
နေရာဖြစ်ပါတယ်။
အမတ်တွေသာ လွတ်လပ်စွာသွားလာနိုင်ပြီး
မီဒီယာ သမားတွေတောင် သွားခွင့်လာခွင့်မရှိတဲ့ ကန့်သတ်နယ်မြေတွေ အများကြီးရှိပါတယ်။
ဒါပေမယ့် မြန်မာ့ လွှတ်တော်ထဲမှာ နိုင်ငံခြားသားတွေက လွတ်လပ်စွာဝင် ထွက်နိုင်ရုံမျှမက၊ တရားဝင်ရုံးခန်းဖွင့်ပြီး နေ့စဉ်ရုံးထိုင် နေကြပြီး မြန်မာလွှတ်တော်ကို
ထိန်းကျောင်းပေးနေပါတယ်။
ဒီလိုလုပ်ရပ်မျိုးကို ဘယ်နိုင်ငံ
ဘယ်လွှတ်တော် ကမှ လက်မခံကြပါဘူး။
အခြားနိုင်ငံက လွှတ်တော်တွေမှာ မြန်မာနိုင်ငံသားတွေ ရုံးခန်းဖွင့်ဖို့မဟုတ်ပါဘူး လေ့လာဖို့ ဝင်ချင်ရင်တောင်
ခွင့်ပြုချက် ချက်ချင်းမရပါဘူး။
ကမ္ဘာမှာနိုင်ငံခြားသားတွေ ရုံးဖွင့်ခွင့်ရတာ
မြန်မာ့ လွှတ်တော်က ပထမဆုံး ဖြစ်ပါတယ်။
မြန်မာ့အရေးမှာ ဒေါ်အောင်ဆန်းစုကြည်
လုပ်ပိုင်ခွင့်ရှိရင် နိုင်ငံတကာနဲ့ အများကြီးချိတ်ဆက်နိုင်လိမ့်မယ်လို့ ယခင်ကသုံးသပ်မှုတွေကြားဖူးပေမယ့်
အခုချိန်မှာတော့ ချိတ်ဆက်ရုံမျှ မက
မြန်မာနိုင်ငံကလွှတ်တော်မှ ဟုတ်ရဲ့ လားလို့တောင်
မေးခွန်းထုတ်ရအောင် နိုင်ငံခြားသားတွေ
ပြည့်နေပါတယ်။
လွှတ်တော်ဝင်းအတွင်းရှိ ဇဗ္မူ သီိရိခန်းမ
သုံးထပ်စာကြည့်တိုက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့
နီးစပ်တဲ့ နိုင်ငံ ခြားသားများကို ရုံးခန်းဖွင့်ခွင့်ပေး ထားပြီး မြန်မာလွှတ်တော်အမတ်များနဲ့ လွှတ်တော်ရဲ့
လုပ်ဆောင်မှုများကို ထိန်းကျောင်း ပေးနေကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော် ဥက္ကဋ္ဌ
နှစ်ယောက်ဖြစ်တဲ့ ဦးမန်းဝင်းခိုင်သန်းနဲ့ ဦးဝင်းမြင့်တို့က ဇမ္ဗူသီရိခန်းမ ကို နေ့စဉ်အကြံဥာဏ် လာတောင်းကြပါတယ်။ နိုင်ငံ ခြား သားတွေ ညွှန်ကြားတဲ့အတိုင်း ကော်မတီဖွဲ့တာ၊ အစည်းအဝေးခေါ်တာ၊ အဆိုတင်သွင်းတာနဲ့ ဆုံးဖြတ်တာ တွေ လုပ်ကြပါတယ်။
ဒါ့အပြင် NLD အမတ်တွေကို အင်္ဂလိပ်စာသင်တန်းနဲ့ Networking သင်တန်းတွေ
သင်ပေးနေတယ်လို့လည်း သိရပါတယ်။
ဖေဖော်ဝါရီ ဒုတိယအပတ်အတွင်း ကလည်း
အဖြူ ကောင်တွေကမြန်မာတွေရြဲ
ပြည်ထောင်စုလွှတ်တော်ကြီးကို သင်တန်းပို့ချမှုတွေ
လုပ်ခဲ့တာကြောင့် ပြည်သူတွေကြား
ဝေဖန်မှု မြင့်တက်လာပြီး လွှတ်တော်က ကြေညာချက်ထုတ်ခဲ့ရပါသေးတယ်။
ယခင်က ဒေါ်အောင်ဆန်းစုကြည် အသက် ၄၀ အထိ
နေထိုင်ခဲ့တဲ့ ဗြိတိန်နိုင်ငံက သံရုံးဝန်ထမ်း ဂျိုးဇက်ဖစ်ရှာ တစ်ယောက်ကို ဒေါ်အောင်ဆန်းစုကြည်က အကြံပေးအဖြစ် လွှတ်တော်ကို ခေါ်ယူခဲ့ပါတယ်။
အခုတော့ ဗြိတိန်သံရုံး၊ဗြိတိန်လွှတ်တော်ရုံးနဲ့ ဗြိတိန်အစိုးရအဖွဲ့ ဝင်များသာမက နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း သက်ဆိုင်သူအားလုံးကို မြန်မာ့လွှတ်တော်ထဲကို ခေါ်သွင်းထားပါတယ်။
လွှတ်တော်ဝင်းထဲက ဇမ္ဗူ သီရိခန်းမကိုမြင်ရတာ
နိုင်ငံခြားရောက်နေသလား ထင်ရပါတယ်။
နိုင်ငံခြားသားတွေ ခြေချင်းလိမ်နေတာ၊ နိုင်ငံခြားစကားသံတွေနဲ့ ဆူညံနေတာ၊ နိုင်ငံခြားအစားအသောက် အနံ့အသက်တွေနဲ့ ပြည့်နေတာကို စိတ်ပျက်ဖွယ် တွေ့ရပါတယ်။
မြန်မာ့လွှတ်တော် ဟုတ်မှ ဟုတ်ရဲ့လား၊ ပြည်ပသြဇာခံ ရုပ်သေး ပါလီမန်ဖြစ်နေပြီလားဆိုတာ
စဉ်းစားစရာ ဖြစ်နေပါတယ်။
ဒေါက်တာမာကျူ ရီ
#credit;

Post a Comment