Header Ads

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုစာလွှာပေးအပ်

စိန်ခေါ်သူ မွေ့ထိုင်းဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံ
အလိန်းဂါလာနီ(ဟောင်ကောင်)အား အနိုင်ရရှိသည့်
မြန်မာလူမျိုးကချင်တိုင်းရင်းသား အောင်လအန်ဆန်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုစာလွှာပေးအပ်

နေပြည်တော်၊ နိုဝင်ဘာ ၅


၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၃ ရက် ညပိုင်းတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံကြီး၌ ကျင်းပပြုလုပ်သည့် One Hero's Dream ပြိုင်ပွဲတွင် အဓိကပွဲစဉ်အဖြစ် ယှဉ်ပြိုင်ထိုးသတ်သည့် MMA မစ်ဒယ်ဝိတ်တန်း လက်ရှိကမ္ဘာ့ချန်ပီယံဖြစ်သူ အောင်လအန်ဆန်
အနေဖြင့် စိန်ခေါ်သူ မွေ့ထိုင်းဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံ အလိန်းဂါလာနီ(ဟောင်ကောင်) အား ပထမအချီ၌ပင်
အလဲထိုးဖြင့် ထိုးသတ်အနိုင်ရရှိခဲ့သည်။


ထိုသို့စိန်ခေါ်သူမွေ့ထိုင်း ဟဲဗီိးတ်ကမ္ဘာ့ချန်ပီယံအား
 မြန်မာအမျိုးသားကချင် တိုင်းရင်းသားအနေဖြင့်
 မိမိထက်အင်အားကြီးမားသည့် ယှဉ်ပြိုင်ဘက်ကို
သူမတူသော ရဲစွမ်းသတ္တိဖြင့်
 လက်ဝှေ့နည်းပညာပြည့်ဝစွာ
ယှဉ်ပြိုင်အနိုင်ယူ၍ နိုင်ငံ့ဂုဏ်ကို ထပ်မံမြှင့်တင်နိုင်ခဲ့
သည့်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ပေးပို့သည့် ဂုဏ်ပြုစာလွှာအား ယနေ့နံနက်ပိုင်းတွင်
ရန်ကုန်မြို့ရှိ Sedona Hotel ၌
 ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး မင်းသက်ဦး က
သွားရောက်ပေးအပ်ချီးမြှင့်သည်။

ထို့နောက်အောင်လအန်ဆန်က
 ယခုလိုပေးအပ်ချီးမြှင့်ခြင်းအတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊  ယခုထက်ပိုမိုကြိုးစားသွားမည်ဖြစ်ပါကြောင်း၊  နောက်ပွဲများတွင်လည်း ဂုဏ်ယူနိုင်အောင် ပိုပြီးကြိုးစားသွားမည်ဖြစ်ပါကြောင်း၊
ယခု အောင်မြင်ခြင်းသည် မြန်မာပရိတ်သတ်များအားပေး၍ နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အားလုံးကို
 ကျေးဇူးတင်ရှိပြီး အရမ်းချစ်ပါကြောင်းဖြင့်
ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

အောင်လအန်ဆန်သည် ၂၀၁၇ ခုနှစ်၊ ဇွန် ၃၀ ရက်တွင်လည်း MMA မယ်ဒစိတ်တန်းကမ္ဘာ့ချန်ပီယံ
ရွှေခါးပတ်ဆုကို ရယူနိုင်ခဲ့ပြီး မြန်မာ့ဇာတိသွေး၊ ဇာတိမာန် ကို ပြသနိုင်ခဲ့သဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုစာလွှာနှင့်
တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက
 ချီးမြှင့်သည့် ဂုဏ်ပြုချီးမြှင့်ငွေကျပ်
သိန်း ၁၀၀ အားပေးအပ်ချီးမြှင့်ခဲ့ကြောင်း
 သတင်းရရှိသည်။

Source;  MWD

No comments

Note: Only a member of this blog may post a comment.