ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေးအား မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး မှ လာရောက်တွေ့ဆုံ
ဦးသန်းဋ္ဌေးအား မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ
သံအမတ်ကြီး မှ လာရောက်တွေ့ဆုံ
_________________________________________
နိုဝင်ဘာ ၁၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ
ဦးသန်းဋ္ဌေးအား မြန်မာနိုင်ငံဆိုင်ရာ
စင်ကာပူနိုင်ငံသံအမတ်ကြီး H.E Mr.Robert Chua မှ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ (၁၁း၀၀) နာရီအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ဋ္ဌာနချုပ် နေပြည်တော် ဧည့်ခန်းမတွင်
လာရောက်တွေ့ဆုံသည်။
ယင်းသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရေး ၊
ပူးပေါင်းဆောင်ရွက်ရေး နှင့်
မြန်မာ့နိုင်ငံရေးအခြေအနေ ဖြစ်ပေါ်ပြောင်းလဲမှုများအား ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေး နှင့်အတူ
ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း ၊
ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင် ၊
ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဋ္ဌေး တို့ တက်ရောက်ခဲ့ပါသည်။
ပြည်သူ့ဆက်ဆံရေး
Post a Comment