Header Ads

ရွာလုံးကျွတ် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တက်ရောက်ချီးမြှင့်

ရွာလုံးကျွတ် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တက်ရောက်ချီးမြှင့်

ဘားအံ နိုဝင်ဘာ ၆

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်
အင်းရှည်ကျေးရွာအုပ်စု ဝဲကင်းအံကျေးရွာ
 ကျေးရွာလုံးကျွတ်ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲ
အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ဝင်များမှ
ယနေ့ နိုဝင်ဘာ ၆ ရက်နေ့
နံနက် ၁၁ နာရီ ၁၅မိနစ်အချိန်တွင်
သွားရောက်အားပေးချီးမြှင့်ခဲ့သည်။

အခမ်းအနားကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး
 နိုင်ငံတော်သီချင်းအား သံပြိုင်သီဆို၍ဖွင့်လှစ်ခဲ့သည်။
ထို့နောက် ကျေးရွာလုံးကျွတ်ပါတီဝင်အဆိုပြုလွှာ
များအား ပါတီဝင်များကိုယ်စား
 ကျေးရွာစည်းရုံးရေးမှူး  မှ ပေးအပ်ရာ
 ကော့ကရိတ်မြိုနယ်ပါတီဥက္ကဋ္ဌ ဦးမင်းဇော်ဇော်လတ် မှလက်ခံရယူပြီး မြို့နယ်ပါတီဥက္ကဋ္ဌမှ
 ကျေးရွာလုံးကျွတ်ပါတီဝင်အဆိုပြုလွှာ
ပေးအပ်ပွဲအထိမ်းအမှတ် အလံအား
ပြန်လည်ပေးအပ်ရာ
 မြို့နယ်ပါတီဥက္ကဋ္ဌမှ ပြန်လည်လက်ခံရယူခဲ့ပြီး
  ကျေးရွာသူကျေးရွာသားများကိုယ်စား
 ကျေးရွာသူတစ်ဦးမှ ပါတီဝင်ရခြင်းနှင့်ပတ်သက်၍
ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးမှ နှတ်ခွန်းဆက်စကား
ပြောကြားပြီး ကရင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦးမှ ကရင်တိုင်းရင်းသားဘာသာဖြင့်
 ပြန်လည်ရှင်းလင်းပြောကြားသည်။
ထိုသို့ပြောကြားမှုအပြီးတွင်
ပါတီအထွေထွေအတွင်းရေးမှူးမှ
အမှတ်တရလက်ဆောင်များ ပေးအပ်ရာ
 ကျေးရွာသားတစ်ဦးမှ လက်ခံရယူပြီး
 ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ဝင်များသည်
 ပါတီဝင်အသစ်များအား ပါတီရင်ထိုးများအား
ကိုယ်တိုင်တပ်ဆင်ပေးကာ အခမ်းအနားအား
 ပြည်ခိုင်ဖြိုးဟေ့ ဒို့ပါတီသီချင်းဖြင့်
 သံပြိုင်သီဆိုကြကာ အခမ်းအနားအား
 အောင်မြင်စွာရုပ်သိမ်းခဲ့သည်။
အခမ်းအနားအပြီးတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်
အဖွဲ့ဝင်များသည် ကော့ကရိတ်မြို့နယ်
ခနိမ်းဖော်ကျေးရွာအုပ်စု
 ကော့ပလံကျေးရွာသို့ရောက်ရှိကြကာ
 ကော့ပလံကျေးရွာဘုန်းတော်ကြီးသင်
ပညာရေးကျောင်းမှ ကျောင်းသားကျောင်းသူများနှင့်
တွေ့ဆုံကာ သြဝါဒစကားပြောကြားပြီး
 ပြန်လည်ထွက်ခွာလာကြရာ
မြဝတီမြို့ မြဝတီပြည်ခိုင်ဖြိုးရုံးသို့
ညနေ ၅နာရီတွင်ရောက်ရှိကြပြီး
မြဝတီမြို့ရှိ မြို့မိမြို့ဖများ၊ ပါတီဝင်များနှင့်တွေ့ဆုံကာ
ပါတီရေးရာကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆွေးနွေးမှာကြားခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ဝင်များမှ ကျေးရွာလုံးကျွတ်ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲ ပြုလုပ်ရာ ကျေးရွာသို့ဖြတ်သန်းသွားသည့်  လမ်းတစ်လျှောက်ရှိမြို့များမှ ဒေသခံကျေးရွာသားများ တိုင်းရင်းသား တိုင်းရင်းသူများက  သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။

#ပြည်သူ့ဆက်ဆံရေး
Source; usdp

No comments

Note: Only a member of this blog may post a comment.